cross

cross

Saturday, October 10, 2015

ယောက္ခမနှင့်ချွေးမကြားသင့်မြတ်လိုလျှင်

အိမ်ထောင်စုတိုင်းမှာပြသနာလေးတွေအမြဲကြား

နေရတယ်။အကြားများဆုံးကတော့ယောက္ခမနဲ့

ချွေးမမတည့်လို့ကတောက်ကဆဖြစ်ရတဲ့အကြောင်း

ပေါ့။မိန်းကလေး အိမ်ထောင်ကျလို့ ခင်ပွန်း အိမ်

သွားရသောအခါ ပထမဆုံး မိမိစိတ်ကိုချိုးနှိမ်လိုက်ပါ

မိမိရဲ့ချမ်းသာခြင်း လှပခြင်း မင်းသမီးလေးလို

နေရခြင်းတွေကိုမိမိအိမ်မှာပဲထားခဲ့လိုက်ပါ။ယောက်

က္ခမဝတ္တရားပြု စုပေးဖို့တရားတော်ကမသတ်မှတ်ထား

ဘူးလုပ်ပေးစရာမလိုဘူးလို့မတွေးပါနှင့်။သူ၏သား

ကိုချစ်လို့ ယူထားပြီးပြီလေ။ မိမိခင်ပွန်းမိမိအပေါ်လိုလေးသည်မရှိကောင်း

ပါတယ်။ခင်ပွန်းကိုကျွန်မအရမ်းချစ်ပါတယ်

ယောက်က္ခမကသာဆိုးတာပါဆိုလျှင်

အရမ်းချစ်တဲ့ခင်ပွန်းကိုမွေးပေးထားတဲ့သူအမေ

ကိုခွင့်လွှတ်ပေးလိုက်ပါ။သူကိုအကြောင်းခံပြီး

မိမိချစ်တဲ့ခင်ပွန်းဖြစ်လာတာလေ။

ဒိအကြောင်းအရာကိုအမြဲတွေးတောနေပါ။

စိတ်နှင့်မတိုက်ဆိုင်မှုတွေကြုံ ရတိုင်းးယောက်က္ခ

မနှင့်အဆင်မပြေလျှင်ချစ်ရသောခင်ပွန်းစိတ်ညစ်

ရမည်သောကများရမည်။ယောက်က္ခမနှင့်

ဘယ်တော့မှအတိုက်အခံမပြု လေနှင့်။

အိမ်၌ရှိသောယောင်းမ/မတ်/ခဲအိုခင်ပွန်း၏

မောင်နှမများနှင့်ကတောက်ကဆဖြစ်ခြင်းမှ

ရှောင်ပါ။သူတို့တွေနှင့်မတည့်ပါကယောက္ခမနှင့်

လည်းအဆင်ပြေဖို့မရှိပါ။

ယောက်က္ခမသည်သူထံ၌သမီးပျိုရှိ လျှင်ထိုသမီး

နဲ့ယှဉ်လျှက်တစုံတရာဖြစ်လာသော်လည်းသူသည်

ချွေးမကိုသမီးဆိုပြီးမြင်မှာမဟုတ်ပါ။(အမှန်တရား

ဘက်ရပ်တည်သူရှိပါတယ် but ရှားပါတယ်)

သမီးလိုမယူဆသည်ရှိသော်ငြားလည်း

မိမိကယောက်က္ခမလိုသဘောမထားပဲ

အမေလို့သာဆက်ဆံပေးလိုက်ပါ။မေတ္တာရောင်ပြန်

ဟတ်တာမို့တနေ့သမီးဖြစ်လာမှာပါ။နမားဇ်ကို

ငါးကြိမ်မပျက်ဖတ်ပြီးအလ္လာဟ်ဆီမှာဒုအာလုပ်

နေပါ။ကောင်းသောစိတ်ထားအပေါ်မှာအစား

ရပေမည်။နင်ဘာလည်း?????ငါဘာလည်း

ယောက်က္ခမကိုမလေးစားမကြည်ဖြူ ဘူးဆိုရင်

တော့ပြေလည်ဖို့ရှိမှာမဟုတ်ဘူး။နေရာတိုင်းမှာ

ဆွဗရ်လုပ်ကတာရှိပါတယ်။လုပ်နိုင်ဖို့အရေးကြီး

ပါတယ်။ ဆွဗရ်အဆုံးမှာအကျိုးခံစားမှုတွေ

ဖြစ်လာမှာပါ။

0 comments:

Post a Comment