cross

cross

Tuesday, March 17, 2015

အားမငယ်ပါနဲ့

သူတစ်ပါး ရီမောနေတာကိုကြည့်ပြီး ကိုယ်ဝမ်းနည်းနေရတိုင်း
ကိုယ်တစ်ယောက်တည်း လောကကြီးမှာ ကံအဆိုးဆုံးလူသားလို့
မထင်လိုက်ပါနဲ့။

တကယ်တော့ တစ်ပါးသူမှာလဲ သူ့အပူနဲ့သူ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။
ဒါပေမဲ့ သူတို့က ဒီအပူတွေကို သူများမမြင်အောင် အပြုံးတွေ၊
ပကာသနတွေနဲ့ ဖုံးအုပ်နိုင်လို့သာ အခြားသူတွေ မမြင်ရတာပါ။

တစ်ခါတစ်လေ ကူရာကယ်ရာမဲ့ အခြေနေမျိုးမှာ အရမ်းဝမ်းနည်းနေရင် ငိုချင်ငိုချပစ်လိုက်ပါ။ ဒါပေမဲ့ ငိုပြီးရင်တော့ လဲကျရာကနေ ပြန်ထရပ်ဖို့
ဖြစ်အောင်ကြိုးစားပါ။

အရာအားလုံး ဆုံးရှုံးသွားခဲ့ရင်တောင် ကိုယ်ပိုင်အရည်သွေးတွေကိုတော့ အဆုံးရှုံးမခံလိုက်ပါနဲ့။

ဘယ်သူဘယ်သူထက်မှ မသာချင်နေပါစေ ။
မနေ့တစ်နေ့က ကျန်ခဲ့တဲ့ ကိုယ်ထက် ဒီနေ့သာနေရင်ကိုပဲ
ကျေနပ်လိုက်ပါ။ ဆက်ကြိုးစားပါ။

                                      အာက်တာရ်ဟူးဆီန်း

0 comments:

Post a Comment