cross

cross

Sunday, March 22, 2015

အရာရာတိုင်းကိုအပေါ်ယံကြည့်ပြီး မဝေဖန်ပါနဲ့ (ပုံပြင်)်


လင်မယား စုံတွဲတစ်တွဲပါလာတဲ့သဘောင်္တစ်စင်း
နစ်မြုပ်သွားတယ် အချိန်တော်တော်ကြာမှ
အသက်ကယ်လှေ တစ်စင်း ရောက်လာတယ် ။ အသက်ကယ်လေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ် ။ အဲဒီအချိန်မှာ ယောက်ကျားဖြစ်သူက သူ့မိန်းမကို သူ့အနောက်ဆွဲချလိုက်ပြီး
သူကိုယ်တိုင် အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်……
အဲဒီ အမျိုးသမီးကတော့ တဖြည်းဖြည်းချင်းနှစ်မြုပ်နေတဲ့
သဘောင်္ပေါ်မှာရပ်ပြီး သူယောက်ကျားကို စကားတစ်ခု လှမ်းပြောလိုက်တယ် ဆရာမက ဒီအထိပြောပြပြီးတော့ ကျောင်းသားတွေကို မေးလိုက်တယ်
ကလေးတို့ ခန့်မှန်းကြည့်ပါလား
အမျိုးသမီးက ဘာအော်ပြောလိုက်လည်း
ကျောင်းသားတွေက အလုအယက် ဖြေကြတယ်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်
နင့်ကို ငါမုန်းတယ် ငါ့ကိုထားပြစ်ခဲ့တယ်
သူငယ်ချင်းတို့လည်း ခန့်မှန်းကြည့်ပါလားး ??
အဲဒီအချိန်မှာ ဘာမှမပြောဘဲ ငြိမ်နေတဲ့
ကျောင်းသူလေးတစ်ယောက်ကို ဆရာမက သတိထားမိလိုက်တယ် ဆရာမကမေးလိုက်တယ်
ကျောင်းသူလေးက ပြန်ဖြေတယ် ဆရာမ သမီးထင်တာက အဲဒီအမျိုးသမီး အော်ပြောမှာက ငါတို့ကလေးကို
ကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးပါလို့ ……
ဆရာမ ကအံသြသွားတယ် ပြန်မေးလိုက်တယ်
သမီး အဲဒီပုံပြင်ကိုနားထောင်ဖူးလို့လားး ?
ဟင့်အင်း သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကညးဟာ သူ့ဖေဖေကို ပြောခဲတဲ့စကားပါ ……
ဆရာမက ပြန်ပြောလိုက်တယ် …
အဖြေမှန်ပါတယ်ကွယ် …
သဘောင်္ နှစ်မြှုပ်သွားပါတယ် ။
ယောက်ကျားက သူမြို့ကိုပြန်ရောက်ပြီး သမီးလေးကို
ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးခဲ့တယ်…
နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီယောက်ကျားဟာလဲ ရောဂါနဲ့
ဆုံးပါးသွားတော့ သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို
ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်
အဲဒီအချိန်ရောက်မှ သူသိလိုက်တယ် …
ဖေဖေနဲ့မေမေ သဘောင်္အတူစီးတဲ့အချိန်မှာ
မေ့မေ့မှာ ရောဂါနောက်ဆုံးအဆင့်ကိုရောက်နေပြီး
အရေးပေါ်အချိန်မှာ ဖေဖေဟာ အသက်ရှင်ဖို့ တစ်မျှင်သာ
ရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ် သူရဲ့ မှတ်တမ်းစာအုပ်မှာ
ရေးထားတာက ငါမင်းနဲ့ အတူတူသာ ဒီပင်လယ်အောက်ကို
နှစ်မြုပ်သွားလိုက်ချင်တယ် ဒါပေမဲ့ ဒါဟာမဖြစ်နိုင်ဘူး
သမီးလေးအတွက် ဒီပင်လယ်ရေနစ်အောက်မှာ
နင်တစ်ယောက်တည်းထားခဲ့ရလိုက်တာပါ
ပုံပြင်လေးလည်းပြီးသွားပါပြီး အခန်းထဲမှာလည်း ငြိမ်သက်သွားပြီး
ဆရာမက သိတယ် သူ့ကျောင်းသားတွေဟာ ဒီပုံပြင်ရဲ့
အနစ်သာရကို နားလည်လိမ့်မယ်လို့

လောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်းတွေဟာ တစ်ခါတစ်လေမှာ ပွေလီရှုပ်ထွေးလှပါတယ် ပိုင်းခြားရမှာလည်း အရမ်းခက်ခဲပါတယ်
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်ခြားလို့မရပါဘူး … ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ သူ့ပိုက်ဆံအရမ်းချမ်းသာ
နေလို့မဟုတ်ဘူး သူကဒီသူငယ်ချင်းသံယောဇဉ်ကို ငွေကြေးထက်
ပိုပြီး အလေးထားလို့ပါ ။
အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူအားနေလို့မဟုတ်ပါဘူး သူကတာဝန်သိတတ်လို့ပါ
ရန်ဖြစ်တဲ့အချိန်မှာ အရင်ဆုံးတောင်းပန်တတ်သူဟာ
သူမှားနေလို့မဟုတ်ဘူး ကိုယ့်ဘေးကလူကို တန်ဖိုးထားရမှန်း
သိနေလို့ပါ …
နင့်ကိုအမြဲတမ်း ကူညီနေတဲ့သူတစ်ယောက်ဟာ နင်ဆီက တစ်ခုခုပြန်ရဘို့ တောင်းတနေတာမဟုတ်ဘူး နင့်ကို
သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့ တန်ဖိုးထားလို့ပါ။

0 comments:

Post a Comment