cross

cross

Wednesday, March 18, 2015

တမန်တော် မူဆာ(ဆွ)ရဲ့ ဒုတ်(ﻋﺼﺎﻱ)အပေါ် ကျွန်တော့်ရဲ့ အမြင် ==============================


ကုရ်အန်က လူသားတစ်ရပ်လုံးရဲ့ လမ်းညွန်ဖြစ်
တယ်လို့ ပြောထားတဲ့ အတွက် သူဟာသဘာဝ
တရားရယ် လူ့သဘာဝနှင့်ပါ ကိုက်ညီနေမယ်
လို့ကျွန်တော် နားလည်ထားပါတယ်။

ဒါကြောင့်ကုရ်အန်ဟာသဘာဝလွန်ဖြစ်ရပ်တွေ
နှင့်ကင်းရှင်းတယ်လ်ု့ကျွန်တော်ယုံကြည်တယ်။

တကယ်လို့သဘာဝလွန်ဖြစ်ရပ်တွေသာပါနေတယ်ဆိုခဲ့ရင် ကျွန်တော်တို့အတွက် လမ်းညွန်မဖြစ်
နိုင်တော့ပါဘူး။
ဘာလို့လဲ့ဆိုတော့လူဆိုတာသဘဝတရား(ဥပဒေ)ဘောင်ထဲမှာဘဲရှင်သန်ဘို့အတွက်နေ့တဓူဝ
ရုံးကန်နေရတဲ့သတ္တဝါတွေဖြစ်နေလို့ဘဲ။

14:1-5 အရ အမှောင်ကနေ အလင်းကိုဖေါ်
ဆောင်ဘို့ဆိုတာ လူတိုင်းလုပ်နိုင်မည့် သဘာဝ
ထဲကဘဲဖြစ်မယ်လို့ကျွန်တော်နားလည်ထားတယ်။

ဒီတစ်ခါကျွန်တော် ဆွေးနွေးချင်တာကတော့

20:17 ကပြောနေတဲمَا تِلْكَ بِيَمِينِكَ يَٰمُوسَىٰ

"အိးု မူဆာ အသင့်ရဲ့ ယာဘက်လက်ထဲမှာ အဘယ်အရားနည်း" ဆိုတဲ့အာယာသ်ပါ(သမရိုးကျပြန်ဆိုမှု)

( بِيَمِينِكَ)
ကိုခွဲခြမ်းစိတ်ဖြာကြည့်ရင် အသင့်ရဲ့လက်ထဲမှာ
ဆိုတဲ့အဓိပ္ပါယ်မျိုးမပေးဘူး လို့ကျွန်တော်မြင်
တယ်
အဲဒီစကားစု ထဲမှာ (လက်)ဆိုတဲ့စကားလုံး(ﻳﺪ)
ဆိုတာမပါသလို အထဲမှာဆိုတဲ့ (ﻓﻲ)ဆိုတဲ
ဝိဘက် လဲသုံးထားတာမတွေ့ရပါဘူး။

ဒီမှာသုံးထားတဲ့ (ﻳﻤﻴﻦ)ဆိုတဲ့ အဓိပ္ပါယ်က လက်
ယာဘက် (လက်ယာလက်မဟုတ်)လို့ဘဲကျွန်
တော်သဘောပေါက်တယ်။

လက်ယာဘက်ဆိုတဲ့သဘောတရားကို ကုရ်အန်
ရဲ့တစ်ခြား နေရာတွေမှာချိတ်ဆက်ကြည့်လိုက်
ရင် "ကောင်းသောအရာဘက် မှန်သောအရာ
ဘက်"လို့ဆိုတဲ့သဘောတရားပေးနေတဲ့အာ
ယက်တွေရှိနေတာကိုတွေ့ရမယ်။

ယာဘက်(ကောင်းသောဘက်)ရဲ့ဆင့်ကျင်ဖက်
စကားလုံးဖြစ်တဲ့ဝဲဘက်ِ(မကောင်းသော ဝဟီ
နှင့်ဆင့်ကျင်ဖက်ဖြစ်သော)ဆိုတဲ့သဘောတရား
ပေးတဲ့ အာယာဟ် တစ်ခုကိုလဲ Screen Shot
နှင့်တင်ပေးထားပါတယ်။

တကယ်တော့ကုရ်အန် ထဲမှာ ဒီသဘောတရား
ပေးတာတွေအများကြီးပါ။
ဆက်လေ့လာနိုင်တာပေါ့။

ဒီစကားစုထဲမှာသုံးထားတဲ့ ဝိဘတ်(ﺏ)ရဲ့အဓိပ္ပါ
ယ်ကလဲ အထဲမှာလို့ မပေးပါဘူး။
သူ့ရဲ့ဆိုလိုရင်းက နှင့် ဖြင့် အားဖြင့် လို့ဘဲကျွန်
တော်နားလည်တယ်။

ဒါဆိုရင် အထက်ပါ အာယာဟ် ( ကပြောနေတဲمَا تِلْكَ بِيَمِينِكَ يَٰمُوسَىٰ )ကိုဆက်စဉ်းစားရင် ဘယ်
လ်ုသဘော တရားပေးနိုင်မလဲစဉ်းစားရအောင်

ကျွန်တော့်အမြင်ကတော့

"ဟေး မူဆာ အသင်ဟာ ကောင်းသောဘက်
ကောင်မွန်သော အရာကို ဘယ်အရာအားဖြင့်
ဆောင်ရွက်ပါသလဲ"လ်ု့ဘဲ အဓိပ္ဖါယ်ပေးတာကို
တွေ့ရပါတယ်။

မူဆာက ဘာပြန်ပြောသလဲ

(قَالَ هِىَ عَصَاى)
ဒိုက်ရိုက် ပြန်ဆိုရင်တော့ ဒီဒုတ်ပေါ့။

ကျွန်တော့်အမြင်ကတော့" ဒီဝဟီကို လမ်းညွန်
တုတ်သဖွယ် အသုံချတာပါ"
လို့ဘဲသလောပေါက်တယ်။

မိတ်ဆွေတို့ လေ့လာနိုင်အောင် Allah လမ်းညွန်
လို့ ကုရ်အန်ထဲမှာသုံးထားတဲ့ စကားလုံးတစ်လုံး
ဖြစ်တဲ့(ﺣﺒﻝ)နှင့်(ﻋﺼﺎ)ကိုတွဲသုံးထားတဲ့ အာ
ယာဟ် ကိုလဲscreen shot နှင့်တင်ပေးထားပါ
တယ် ။
ဒါမှ ဒီစကားလုံးနှစ်လုံးဟာ သဘောတရားတူနေ
တယ်ဆိုတာလေ့ လာနိုင်အောင်လို့ပါ။

မိတ်ဆွေတို့သဘောပေါက်မှာပါ ဒုတ်ဆိုတာ အ
ကျိုးအကန်း တွေလမ်းမမြင်နိုင်တဲ့ လူတွေဘယ်
လောက်ထိ အသုံပြု အမှီသဟဲ ပြုရသလဲဆိုတာ။

ဒီနေရာမှာလဲ ဒီသဘောပါဘဲ လူတွေဟာ လူ့
သဘာဝ ရယ် သဘာဝတရား နှင့်ကိုက်ညီနေတဲ့
လမ်းညွန်ကို လု့ဘဝတည်ဆောက်ဘို့အတွက်လမ်းညွန်
ဒုတ်သဖွယ် အမှီသဟဲပြုခိုင်းတာပါ။

ဒီဆူရာဟ်မှာ နောက်ဆက်တွဲတွေတော့ရှိသေး
တာပေါ့။
အဓိကတော့ ဒုတ်ဟာ ပြစ်ချလိုက်တော့ မြွေဖြစ်
သွားတာတို့ ဘာတို့ပေါ့ ။

သေချာတာကတော့ Allah ကတမန်တော်တွေရဲ့
လမ်းစဉ်းကို လိုက်ခိုင်းတယ် ။ပြီတော့ ဒီနေ့ထိ
ဘယ်လူသားမှ မြွေဖြစ်တဲ့ဒုတ် ကိုမရသေးတော့
ဘယ်လိုလုပ် တမန်တော်တွေရဲ့ လမ်းစဉ်ကိုလိုက်
လို့ရမှာလဲ ဆိုတာကတော့စဉ်းစားစရာမေးခွန်း
တစ်ခုဖြစ်လာတာပေါ့။

ပြီးတော့ တမန်တော်တွေဟာ အခွင့်ထူးခံလူ
တန်းစားတွေမို့လို့ အစ္စလာမ့် လူ့ဘောင်ကိုတည်
ဆောက်နိုင်တာပါ ဆိုပြီးစောဒကတက်လာနိုင်စ
ရာတွေ ဖြစ်လာနိုင်တာပေါ့။

ဒါဆိုရင် ဘာများဖြစ်နိုင်သလဲ။ကျွန်တော်တို့လူ
သားအားလုံးအတွက် ဘယ်လိုများအသုံးချလို့
ရနိုင်မည့် ဟာလဲဆိုတာတော့ ဆက်လက်စဉ်း
စားကြတာပေါ့။

အကြံကောင်း ဥဏ်ကောင်းရှိ ရင်လဲ ဝေမျှကြပါ
အုံး။

          ပြန်လည်မျှဆဝေခြင်းသာဖြစ်ပါတယ်။

0 comments:

Post a Comment