ဒီနေတော့ Android ကို Root လုပ်တယ်ဆိုတာဘာလဲ ဆိုတဲ့
အမေးကြောင့် ကျနော် ဒီပိုစ့်လေးကို မိမိသိသေလာက်ကို
ပြန်လည်မျှဝေပေးလိုက်ခြစ်ဖြစ်ပါတယ်ခင်ဗျား၊
လော့လာခါစ ညီအကိုတွေ အထောက်အကူပြုစေချင်လို့ပါ။
ဖုန်းတစ်လုံးမှာ Root Device နဲ့ Not Root Device ဆိုပြီးနှစ်မျိုးရှိပါတယ်။
ထိုနှစ်ခုတွင် ဘယ်လိုအမျိုးအစားက အသုံးပြု ရတာပိုအဆင်ပြေသလဲဆိုတာကို
စဉ်စားစရာ တစ်ခုဖြစ်လာပါတယ်။နေ့စဉ်နဲ့အမျှ အသစ်တက်လာတဲ့
ဖုန်းဆော့ဝဲတွေက တကယ်အံ့မခန်းအောင်ပါပဲ၊
Communication စတဲ့ Apk လေးတွေကိုတော့ Official & Unofficial တို့က
တိုက်ရိုက်ဖြစ်စေ၊ တစ်ခြားသူတွေဆီကဖြစ်စေ
အင်စတောလုပ်ရတာ ဘာပြသနာမှ မရှိပေမယ့်၊ ကမ္ဘာကျော်ဇာတ်ကားတွေကို
ထပ်တူရေးဆွဲထားတဲ့ စပါယ်ရှယ် ဂိမ်းတွေ တစ်ခြား အားကစားဆိုင်ရာ
ဘောလုံးဂိမ်းတွေ စတဲ့ OBB နဲ့ Data ဖိုင်တွေပါတဲ့ ဂိမ်းတွေကို
ဖုန်းမှာ အဆင်ပြေပြေကစားနိုင်ဖို့ရန်က မိမိဖုန်းမှာ
Root Access ရှိထားတာက ပိုအဆင်ပြေပါတယ်။
ပြီးတော့ ဖုန်းမှာ မိမိပြု လုပ်သမျှကို ဗွီဒီယို Record လုပ်ထား ချင်တယ်ဆိုပါတော့ အခု Official ကထွက်လာတဲ့ Apk အများစုဟာ Record လုပ်ဖို့ရန်အတွက် Root Device ဖုန်းတွေအတွက်ပဲ အဆင်ပြေတာပါ။
အပေါ်မှာ ကျနော် အနည်းငယ်ရှင်းပြလိုက်တာနဲ့ ဘာကြောင့် Root Device က ပိုအဆင်ပြနေသလဲဆိုတာကို ဆက်ကြရအောင်ပါဖုန်းတစ်လုံးကို Root လုပ်တယ်ဆိုတာဘာလဲ မေးစရာဖြစ်လာပါတယ် ဘာကြောင့် Root လုပ်ရတာလဲ၊ Root လုပ်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ Root လုပ်ပြီးရရင် ဘာတွေကောင်းကျိုးရလာနိုင်သလဲ၊ ဘယ်ဆော့ဝဲတွေနဲ့ အလွယ်တကူ Root လုပ်ယူနိုင်တာလဲ၊ စသည်ဖြင့် မေးခွန်းပေါင်းများစွာတွေထဲက ကျနော်သိသလောက်ကို ပြန်လည်မျှဝေချင်ပါတယ်။
အထက်ပါ မေးခွန်းပေါင်းများစွာတွေထဲက Root လုပ်တယ်ဆိုတာဘဲမပြောခင် Root လုပ်တာကခက်ခဲသလားဆိုတာပါကို အရင်ပြောကြည့်ပါမယ်။
Root လုပ်တယ်ဆိုတာ အရမ်းကြီးတော့ မခက်ခဲပါ၊ နားလည်သဘောပေါက်သွားရင်
အထူးသဖြင့် လက်တွေ့လုပ်ဆောင်ထားမျိုး များလာရင်တော့ ဖုန်းမော်ဒယ်အသစ်အတွက်
ရှာဖွေစမ်းသပ်ရတာက လွဲရင် နေ့စဉ်လိုလို Root လုပ်နေကြဖုန်းတွေကိုဆို လုပ်လို့လုပ်မှန်းတောင်
သတိမထားမိလောက်အောင်ပါ။ လွယ်ကူနေသလိုဖြစ်နေပါ့မယ်။
ဒါပေမယ့် ဒီ Root လုပ်တယ်ဆိုတာက လွယ်ကူတဲ့အရာလားဆိုတော့ လွယ်ကူတဲ့အရာတော့
မဟုတ်ပါဘူး၊ မတော်တဆ မှားသွားရင် ပျက်စီးနိုင်မယ်ဆိုတဲ့ စိန်ခေါ်မှုကြားကနေ စွန့်စားခန်းဖွင့်ရတာပါ။
ပျက်စီးနိုင်တယ်ဆိုတာကတော့ Firmware ကျသွားတာမျိုး၊ Device ရဲ့ Opreatin System
ပျက်စီးသွားတာမျိုးပေါ့။
အဲဒီလိုပျက်စီးရင်ဘယ်လိုလုပ်မလဲဆိုတော့ ဒီ Device နဲ့ကိုက်ညီမယ့် Firmware ကိုရှာပြီး
ပြန်တင်ပေးရပါမယ်။ ဒီတော့ Root လုပ်ချင်တယ်ဆိုရင်တော့ Root လုပ်တဲ့အခါ ဒီလိုမျိုးဖြစ်တတ်သေးတယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။
ဒီလိုစိန်ခေါ်မှုတွေကို လက်သင့်ခံနိုင်တယ်ဆိုရင်တော့ Root လုပ်ခြင်း
ကိစ္စကို အရမ်းကြီးကြောက်စရာမလိုတော့ပါဘူး၊ Root လုပ်လို့ပျက်စီးသွားတယ်ဆိုတာလည်း
Device နဲ့ Root Tool တို့မကိုက်ညီလို့ ဖြစ်တတ်သလို၊ Root Access ရရှိပြီးလို့ မြန်မာစာအတွက်
ကီးဘုတ်နဲ့ ဖောင့်ထည့်တဲ့အခါ အဆင်မပြေတဲ့အတွက်လည်း ဖြစ်တတ်ပါတယ်။
လေ့လာခါစညီအကိုတွေနဲ့အနေနဲ့တော့ အဲဒီလိုအကြောင်းအရာတွေကို မဖြစ်ရအောင်
Root လုပ်ခြင်းကိစ္စမစတင်ခင် ကြိုတင်ပြင်ဆင်ထားမှာပေါ့၊ ဆိုင်တွေမှာတော့ ဒီလိုမျိုးပြသနာကို သွားအပ်လိုက်တာနဲ့ အနည်းဆုံး ၅၀၀၀ အထက်လောက်ကနေ စယူတော့မှာဖြစ်ပါတယ်။
ဒါကလည်း အပြစ်ပြောလို့မရပါဘူး၊ များသားအားဖြင့်တော့ သူတို့ဆိုင်တွေက
ဝယ်တာမျိုးဆိုရင် အခမဲ့ပြုလုပ်ပေးတာများပါတယ်။
တစ်ခါတစ်လေ ၀ယ်လာတဲ့ဆိုင်က သူတို့လုပ်မရတော့ဘူးဆိုတာနဲ့
Samsung ကုမ္ပဏီကြီးကို ပို့ပေးပြီးလုပ်ပေးပါတယ်။ လာယူရမယ့်နေ့ကို ပြောလိုက်ပါတယ်၊
ထိုင်းမှာတော့ Warranty နဲ့ ၀ယ်လာတဲ့ဖုန်းဖြစ်ဖြစ် တစ်ခြားပစ္စည်းတွေလည်း အဲဒီလိုပါပဲ
ဆိုင်က ၀ယ်ယူသူစိတ်ကျေနပ်အောင်လုပ်ပေးကြပါတယ်။
စောနားက Root လုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ပြန်ဆက်ပါမယ် ညီအကိုတွေက
အဲလောက် အန္တရာယ်လည်းရှိနိုင်တဲ့ အလုပ်ကို ဘာကြောင့် အချိန်ကုန်ခံပြီး Root လုပ်နေရတာလည်း
လို့မေးလာနိုင်ပါတယ်။ ဟုတ်ပါတယ် ဒါပေမယ့် မိမိ Android Phone & Tablet စတာတွေမှာ မြန်မာလို
Contact တွေထည့်သွင်းချင်တယ်၊ File နာမည်ပေးချင်တယ်၊ မြန်မာလို Massage ပို့ချင်တယ်၊
Facebook ကြည့်တဲ့အခါ မြန်မာလို အဆင်ပြေပြေမြင်ချင်တယ်၊ တစ်ခြားသတင်းဆိုက်များ၊ နည်းပညာဆိုက်များ မှာ ၀ိုင်စက်နေတဲ့ စာတွေကို မြန်မာလိုမြင်ချင်တယ်ပဲမလား။
မိမိဖုန်းတစ်ခုလုံးကို ဒီလို Feature တွေအပြည့်အစုံသုံးလိုတယ်ဆိုရင်တော့ ဖုန်းကို
မဖြစ်မနေ Root ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါက မိမိအတွက် လိုအပ်ချက်ဖြစ်လို့ ပြုလုပ်ရတာပါ။
ဆိုင်တွေမှာ မြန်မာစာအတွက်ဆိုရင်တော့ အနည်းဆုံး ၅၀၀၀ ထက်မနည်းယူမှာဖြစ်ပါတယ်။
တကယ်တော့ အဲဒီ မြန်မာစာအတွက် ချည်းပဲယူတာမဟုတ်ပါဘူး၊ Rootလုပ်ပေးရတဲ့အတွက်ယူတာဖြစ်မှာပါ ဒါဆိုရင် Root လုပ်တယ်ဆိုတာကို ရင်းနှီးလောက်ကြပြီထင်ပါတယ်။