︻デ┳═ー
အလွန် ရေ ရှားပါးတဲ့ ရွာလေးတစ်ရွာက လူတစ်ယောက် စီးပွားရေး ကျပ်တည်းလွန်းလို့ မြို့ပေါ်တက်ပြီး စီးပွားရှာဖို့ ထွက်လာခဲ့တယ် မြို့ပေါ်ရောက်တော့ ဈေးနားလေးမှာ ထိုင်ရင်း ပိုက်ခေါင်းလေး တစ်ခုကို တွေ့တယ် လူတွေဝိုင်းပြီး ဒီ ပိုက်ခေါင်းလေးကနေ ရေသောက်ကြ ရေခပ်ကြ တွေရတော့ ရေရှားပါးတဲ့သူ့ရဲ့ ရွာလေးကို သတိရပြီး ဈေးပိတ်တဲ့အချိန် ရေပိုက်ခေါင်းလေးကို ယူပြီး ရွာပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ဈေးပိတ်တော့ ရေပိုက်ခေါင်းကို ဖြုတ်ယူပြီး ရွာကို ပြန်လာခဲ့တယ် ရွာရောက်တော့ ရွာသူရွာသားတွေကို ပြောပြတယ် ဒီပိုက်ခေါင်းလေးကို တစ်နေနေရာမှာ ထိုးပြီး ဖွင့်လိုက်ရင် ရေထွက်လာလိမ့်မယ်တဲ့ ရွာကလူတွေ ဖွင့်တဲ့အခါ ရေထွက်မလာဘူး။
ရေပိုက်က ရေထွက်တာ မဟုတ်ဘူး ရေကန်ကြီးထဲကနေ ရေလာနေတာပါ
ကျွန်တော်တို့ ဈေးတွေ ဆိုင်တွေထဲကနေ ပိုက်ဆံရနေတယ်လို့ ထင်နေကြတယ် တစ်ကယ်တော့ ဈေးတွေ ဆိုင်တွေကနေ ပိုက်ဆံရနေတာမဟုတ်ပါဘူး Allahရဲ့ ခါဇာနာကနေ ရနေတာပါ။