အစ္စလာမ်က သေရင် ဘာလို့ မီးသဂြိုဟ်ခြင်းမပြုဘဲ မြေမြှပ်ရတာလဲ

ဟုတ်ပါတယ် အစ္စလာမ်မှာ သေသူကို
မြေမြှပ်ရပါတယ်။

လူသားရဲ့မူလဗီဇကိုက မြေကြီးပါ။
လူသားကို မြေကြီးနဲ့ဖန်ဆင်းခြင်း
ခံရပါတယ်။ မြေကြီးဟာ လူသားရဲ့
မိခင်သဖွယ်ပါဘဲ။

ဖခင်ခရီးသွားရင် သားသမီးတွေကို
မိခင်လက်ထဲဘဲ အပ်လေ့ရှိတယ်။
စားဖိုမှူးလက်ထဲအပ်လေ့မရှိပါဘူး။

ထိုနည်းတူ ဝိညာဉ်ဟာ ခန္ဓာကိုယ်နဲ့
ခွဲခွါချိန် ရုပ်ခန္ဓာကို မိခင်မြေကြီးစီကိုဘဲ
အပ်ရပါမယ်။စားဖိုမှူးဖြစ်တဲ့ မီးထံ
အပ်နှံဖို့မလိုပါ။မီးရှို့ခြင်းဖြင့် ဝိညာဉ်
ဟာ နာကျင်ခံစားမူ့ဖြစ်ပေါ်စေပါတယ်။

မေးစရာက အသက်မဲ့ ခန္ဓာကိုယ်ကြီး
ကို မီးရှိုံ့တာနဲ့ ထွက်သွားတဲ့ဝိညာဉ်
က ဘာလို့နာကျင်ခံစားရလဲပေါ့။

ဟုတ်ပါတယ် ရိုးရိုးလေးတွေးကြည့်ပါ။
လူတစ်ယောက် မီးပူတိုက်နေရင်းက
အကျီင်္တစ်ထည် မီးပူကပ်ပြီး ကျွမ်း
သွားတယ်ဆိုပါစို့။

အကျီင်္ပိုင်ရှင်ဟာ မြင်လိုက်ရင်ဘဲ
အတော်စိတ်မကောင်းဖြစ်ရတယ်။
ကိုယ်သိပ်ကြိုက်တဲ့ အကျီင်္အဝတ်အစား
ဆို ပိုပြီးနှမျောတယ်။ပိုပြီးစိတ်မကောင်း
ဖြစ်ရတယ်။

မီးကျွမ်းပျက်စီးသွားတာက အက်ီၤဘဲ
အက်ီၤပိုင္ရွင္မွမဟုတ္တာ။သို့ပေမဲ့
လည်း မိမိခန္ဓာကိုယ်နဲ့ ထိစပ်ဝတ်ဆင်
ခဲ့မိတဲ့အပေါ်မှာ သံယောဇဉ်ဖြစ်တယ်
နှမျောတမ်းတ ဖြစ်ရတယ်။စိတ်မကောင်း
ဖြစ်ရတယ်။

ဝိညာဉ်ဟာလည်း ခန္ဓာကိုယ်နဲ့ထိစပ်
ပြီး နှစ်ပေါင်းများစွာ နေခဲ့တယ်။
ဝိညာဉ်နဲ့ခန္ဓာဟာ ဆက်သွယ်မူ့ရှိတယ်
သံယောဇဉ်ရှိတယ်။ဒါကြောင့် ဝိညာဉ်
ဟာ ခန္ဓာကိုယ်နဲ့ခွဲခွါကာနီးအချိန်မှာ
တနည်းပြောရရင် အသက်ငင်နေချိန်မှာ
အလွယ်တကူမထွက်နိုင်ဘူး။အချို့ဆို
လောကဘက်စိတ်လည်လာလိုက်
ပြန်ပြီး တစ်ဘက်ကိုရောက်သွားလိုက်
ဖြစ်နေတတ်တာကို မြင်တွေ့ရမယ်။

ဒီတော့ ဆက်နွယ်ရင်းနှီးခဲ့တဲ့
ဝိညာဉ်နဲ့ခန္ဓာဟာ ပိုမိုခိုင်မြဲကြတယ်။
ခန္ဓာကိုယ်ကို မီးရှို့သဂြိုဟ်ချိန်
ဝိညာဉ်ဟာ နာကျင်ခံစားရတယ်။
ထိုသို့ပြုခြင်းဟာ အစ္စလာမ်သာသနာ
မှာ မိမိညီနောင်ကို ရက်စက်ရာရောက်
တယ်လို့သတ်မှတ်ထားသလို တားမြစ်
ပိတ်ပင်ထားတယ်။
သေသူကို မြေမြှပ်သဂြိုဟ်ဖို့ကိုဘဲ
ပြဌာန်းထားတယ်။

ဆေးပညာရှု့ထောင့်နဲ့ သဘာဝပတ်
ဝန်းကျင်ထိန်းသိမ်းရေး ရှု့ထောင့်က
ကြည့်ပါကလည်း သူသေကိုမီးရှို့ခြင်း
ဖြင့် ထွက်လာသောအနံဆိုးနှင့်အခိုး
အငွေ့တို့သည် လေထုထဲတွင်ပြန့်နှံ့
ပြီး လေထုညစ်ညမ်းမူ့ကိုဖြစ်ပေါ်စေ
သလို ထူးခြားသောရောဂါဆိုးများကို
ဖြစ်ပေါ်စေလေသည်။

မြေ၌မြှပ်နှံခြင်းကြောင့် သူသေသည်
မြေကြီးအတွင်း ပုတ်ပွ ကြေမွပျက်စီး
သွားပြီး အနံ့ဆိုးနှင့် ပိုးမွှားတို့သည်
မြေကြီးအတွင်း၌ပင် ပျောက်ပျက်သွား
ပေသည်။

မြေ၏သဘော သဘာဝအရ
အတွင်းဘက်(အောက်ဘက်)သို့သာ
ဆွဲငင်စုပ်ယူလေ့ရှိသဖြင့် အနံအသက်
နှင့် ရောဂါပိုးမွှားတို့သည် လေထုထဲသို့
ရောက်ရှိမလာတော့ဘဲ မြေကြီးအတွင်း
၌သာ ဇတ်သိမ်းသွားတော့သည်။

ဒါကြောင့် အစ္စလာမ်သာသနာမှာ
မြေမြှပ်ရန်သာ မိန့်ဆိုထားပြီး မီးရှို့ရန်
ကို တားမြစ်ပိတ်ပင်ထားပါသည်။

အစ္စလာမ်သာသနာ၏ လမ်းညွှန်မူ့
များတွင် အမှားရှာမည်ဆိုပါက မိမိ
သက်တမ်းမှာတွင်မက မိမိသားစဉ်
မြေးဆက်သက်တမ်းထိတိုင် ရှာ၍
တွေ့နိုင်မည်မဟုတ်ပေ။

ဘက်ပေါင်းစုံနှင့် ယှဉ်ထိုးကြည့်ပါက
လည်း သဟဇာတ ရှိနေမည်ကို
ထာဝရတွေ့ရမည်သာ။

ဟုတ်ကဲ့ မွတ်စလင်မ်တွေသေရင်
မီးမရှို့ဘဲ မြေသာမြှပ်ရပါသည်လို့. . .

Post a Comment

Previous Post Next Post