cross

cross

Sunday, June 5, 2016

လျပ်စစ် ဓါတ် ဘာကြောင့်လူကို လိုက်တာလဲ


တိုင်းပြည် တိုးတက်လာရင် လျပ်စစ် ဓါတ်ကို ပို သုံးစွဲ လာ၇မည်မှာ ဓမ္မတာ ဖြစ်သည်။
ကောင်းကွက်နှင့် အတူ ဆိုးကြိုးများ တွဲ လာတတ်ပါသည်။ ဆိုးကြိုး မှာ လျှပ်စစ်အန္တရာယ် ဖြစ်ပါသည်။
ထို အများထဲ မှ တခု ဖြစ်သော လူများဓါတ် လိုက် ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ရ သည့် အကြောင်း ပြောချင်ပါသည် ။
လျပ်စစ်မှာ voltage , current , frequency ဆိုတာ အကြမ်းအား ဖြင့် ရှိပါသည်။
လူကို ဓါတ် လိုက် ပြီးသေ စေသည် မှာ current ဟုခေါ်သော လျပ်စစ် စီးကြောင်းကြောင့် ဖြစ်ပါသည် ။ ခန္တာ ကိုယ် ကို ဖြတ်သမ်း သွားသော current ပမာဏ နှင့် အချိန်ကြောင့် လူများ အသက်ဆုံး ရှုံးစေ ပါသည် ။
၃၀ မီလီ အမ်ပီယာ ( 0.003 Amp ) အထက် ခန္တာ ကိုယ် ကို ဖြတ်သမ်း သွားမယ် ဆိုရင် လျှပ်စစ်အန္တရာယ် ရှိလာပြီလို့ ဆိုပါတယ် ။ Voltage အနေ နဲ့ ကတော့ ၅၀ Volt ကော်ျရင် အန္တရာယ် ရှိပါပြီ။
၇၅ အမ်ပီယာ တစ်စက္ကန့် အထက် လူတွေ ရဲ့ နှလုံးထဲ ကို ဖြတ်သွား မယ်ဆိုရင် အသက် အန္တရာယ် ရှိပါပြီ။
လျှပ်စစ် တခုက ပတ်လမ်းတခု ပြည့် မှသာ လျပ်စစ် စီး နိုင်ပါတယ် ။ မပြည့် လို ရှိရင် မစီး နိုင်ပါ ။
နောက် လျပ်စစ် ရဲ့ သဘော တရား က voltage ဆိုတာ တွန်းအား လို့ အကြမ်းဖြင်း ပြော လို့ ရပါတယ် ။ အဲ ဒါက ရှိနေတဲ့ နေရာ ၂ ခုရဲ့ ခြားနားခြင်းပါ။
၂၂၀ ဗို့ ရှိတယ်ဆိုတာ အဲ ဒီနေရာ ၂ ခုကွာခြားခြင်း ကိုပြောတာပါ ။ လွယ်လွယ် ပဲ ပြောရရင် Phase ဆိုတဲ့ အပူကြိုး နဲ့ Neutral ဆိုတဲ့ အအေး ကြိုး ၂ ခုခြားနားခြင်းပါ။
အပူကြိုးက ၂၂၀ ဗို့ ရှိ ပြီး အအေး ကြိုးက သုံညဗို့ ရှိနေတာပါ ။
အဲဒီ ၂ ခုကို ဖြတ်စီးစေတာ လျပ်ကူး conductor နဲ့ load ( resistance) ရှိရ ပါမယ်။ load ( resistance) အနည်း အများကို မူတည်ပြီး လျပ်စီး current အနဲ အများ စီး နိုင်ပါတယ်။
မီးလုံး တလုံး ဆို အပူကြိုး က ၂၂၀ ဗို့ ကနေ ၀ါယာကြိုး ကနေ မီးလုံးload ကို ဖြတ်ပြီး Neutral ကိုရောက်တဲ့ အခါ လျပ်စီး current စီးပြီး မီးလင်းစေပါတယ်။
လူကိုဓါတ် လိုက်စေတာ ကလဲ အဲဒီ မီးလုံးနေ ရာမှာ လူကရောက်သွား လို့ပါ။
ဓါတ်လိုက် ခံ ရတာ ၂ မျိုး ရှိပါတယ် ။ တိုက်ရိုက် ထိတွေ့ ပြီး လိုက်တာ နဲ့ သွယ်ဝိုက်ထိတွေ့ ပြီး လိုက်တာပါ ။
မြန်မာပြည် မိုးတွင်း မှာ အများဆုံး ဖြစ်တာက သွယ်ဝိုက်ထိတွေ့ ပြီး လိုက်တာပါ ။ ပါဝါ ရှိတဲ့ ဓါတ်ကြိုးတွေ က ပေါက်ပြဲ ပြီး လျပ်စစ် စီးနေ နိုင်တဲ့ သံသ္တု ပစ္စည်းတွေ ကို ထိပြီး အဲဒီ မှာလျပ်စစ်ဓါတ် ၀င်နေပါတယ် ။
အဲဒါကို လူဖြစ်စေ တိရိစ္ဆာန် ဖြစ်စေ ထိမိရင် ခန္တာ ကိုယ် ကတဆင့် လျပ်စစ် ဓါတ် က မြေကြီးထဲ ကို စီးဝင်ပါတယ် ။မြေကြီး တွေ ကစိုနေတော့ လျပ်စစ် စီးအား ပိုကောင်းပါတယ် ။ အဲဒီမှာ နှလုံး ကို ထိခိုက်မိ ပြီးလူ က သေ ပါတယ်။
အဲဒီတော့ မိုးရွှာ စိုစွတ်နေတဲ့ အချိန် မှာ လျပ်စစ်ဓါတ် ရှိနိုင်မဲ့ နေရာ တွေ ကို မသွားတာကောင်းပါတယ် ။ မိုးရွာတဲ့ အချိန် က လျပ်စစ်ဓါတ် က ပိုစီး ပါတယ် ။ ရေ ကလဲ လျပ်စစ်ဓါတ် စီးနိုင်ပါတယ်။
အဲဒါတွေ ကို ကာကွယ်လို့ မရ ဖူးလားဆိုတော့ ရပါတယ် ။ ငွေကြေးတော့ အနည်းငယ် ကုန်မှာပေါ့။
ကာကွယ် တာကတော့ အဲ ဒီ လျပ်စစ်ဓါတ် နဲ့ ထိနိုင်တဲ့ သတ္တုပစ္စည်းတွေ မှာ မြေစိုက်ကြိုး လို့ခေါ်တဲ့ earth ကြိုးတပ်ဆင်ထား ရင် ပထမကာ ကွယ်ပါတယ် ။
အကယ်၍ ကြိုးပေါက်ပြဲ ပြီးထိမယ်ဆို လျပ်စစ် က earth ကြိုး တဆင့် မြေကြီးထဲ ကို စီးပါတယ် ။ လျပ်စီးတွေ အဆမတန် စီးတဲ့ အခါ အရင်းမှာရှိတဲ့ breaker , fuse တွေ က မခံနိုင်ပဲ ပြတ်သွားပါတယ် ။
ဒီထက်ကောင်းတာ ကတော့ အဲဒိလို ပေါက်ပြဲ ပြီး ထိနေတာ တွေ ကို ထောက်လှမ်းပြီး ဖြတ် ချ နိုင်တဲ့ erath leakage တွေ တပ်ထားပြီး main source ကို ဖြတ်ချတာပါ ။
ကြိုးတွေ ပေါက် ပြီး အဲဒါတွေ ဘာလို့ ဖြစ်လဲ ဆိုတော့ တည်ဆောက်တဲ့ အခါ မှာဖြစ်သလို လုပ်ကျလို့ပါ။
ပစ္စည်း အညံ့တွေ မသင့်တော်တာတွေ ထည့်ကျလို့ပါ ။ကျွန်တော် တို့ က လျပ်စစ် နဲ့ အသက်မွေး နေတာ ဆိုတော့ ဘယ်လို အသုံး မကျ ဆောက်ထားလဲ ။ ဘာ မှ လျှပ်စစ်အန္တာရယ် အတွက် မကာကွယ်ထားဖူးဆိုတာသိပါတယ် ။
• ပထမဆုံးလုပ်ရမှာက တာဝန်ရှိသူတေါ လျှပ်စစ်အန္တာရယ် ဖြစ် နိုင်တဲ့နေရာတွေ ကို လေ့လာ နောက် plan နဲ့ ပြင်သင့်ပါတယ် ။
• နောက် Information ဌာန လိုတခုဖွင့်ပြီး ပြည်သူတွေ ရဲ့ လျှပ်စစ်အန္တာရယ် ဖြစ်နိုင်တဲ့နေရာတွေ ကို ရေးသားဖေါ်ပြတာတွေ လုပ် နောက် ဘယ်လို ဆောင်ရွက် လိုက်တယ် ဆိုတာ ဖေါ်ပြသင့်ပါတယ်။
• လျပ်စစ် ဌာန တခုထဲ ငွေကြေး မတတ်နိုင်ရင်သက်ဆိုင်ရာ ပြည်သူတွေ ထဲ က လှုချင်သူတွေ ကို ဖိတ်ခေါ်ပေါ့ ။
လူတယောက်ရဲ့ အသက် ကလဲ အသက်ပါပဲဗျာ ။ ကြားရရင် လူတွေ အတွက် ရင်တုန်လွန်း လို့ပါ ။ သားသမီးတွေ အတွက် ရင်ပူစွာ မျော်နေမဲ့ မိဘတွေ ကို ကိုယ်ချင်းစာ တယ်ဗျာ ။

( အားလုံး နားလည်အောင်ဆိုတော့ technical term တွေ နဲ့ မရှင်းတော့ပါဖူး )

Credit;EI Engineering

0 comments:

Post a Comment