cross

cross

Wednesday, June 8, 2016

ရုပ်အချောဆုံး ဘောလုံးသမား (၁ဝ) ယောက်

ကမ္ဘာတစ်လွှားတွင် ဘောလုံးကစားသူပေါင်း ၂၆၅သန်းခန့်ရှိပြီး ဒိုင်လူကြီးပေါင်း ၅သန်းခန့်ရှိတာကြောင့် ဘောလုံးသည် ကမ္ဘာ့လူဦးရေ၏ ၄ရာခိုင်နှုန်း ပါဝင်ပက်သက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးသမားအများဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံ (၂၆သန်း)၊ အမေရိကန် (၂၄သန်း)၊ အိန္ဒိယ (သန်း ၂ဝ)၊ဂျာမဏီ (၁၆သန်း)၊ ဘရာဇီးလ် (၁၃သန်း) အသီးသီးရှိကြပါတယ်။ ၂၆၅သန်းရှိတဲ့ကမ္ဘာတစ်လွှားဘောလုံးသမားများအနက်မှ ရုပ်အချောဆုံးဘောလုံးသမား (၁ဝ) ယောက်ကို Sporteology ဝက်ဘ်ဆိုက်မှ  ဖော်ပြထားတာကို ပြန်လည်ဝေငှပေးလိုက်ပါတယ်။




၁။ ဒေးဗစ် ဘက်ခမ်း (David Beckham)

ဒေးဗစ် ဘက်ခမ်း (နံမည်အပြည့်အစုံ David Robert Joseph Beckham) ဟာ နံမည်ကျော် မန်ယူ၊ ပရက်စတန်၊ ရီးရဲလ်မက်ဒရစ်၊အေစီမီလန်၊အယ်လ်အေ ဂလက်စီ နှင့် ပီအက်စ်ဂျီ အသင်းကြီးများတွင် ကစားခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ပါ။ Free Kick (အလွတ်တည်ကန်ဘော) ကောင်းလွန်းလို့ ပုရိဿပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့ရုံသာမက အရပ် ၆ပေရှိကာ ချောမောတဲ့ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေပင် အသည်းခိုက်ခဲ့သူပါ။ ထို့ကြောင့်ပင် အမေရိကန် People မဂ္ဂဇင်းက “Sexiest Man Alive 2015” ဟု ဒေးဗစ်ဘက်ခမ်းကို ချီးကျူးဖော်ပြခဲ့ပါတယ်။




၂။ ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo)

ခရစ္စတီယာနို ရော်နယ်ဒိုဟာလည်း ၂ဝဝ၉ခုနှစ်မှ စတင်၍ ရီးရဲလ်မက်ဒရစ်သင်းအတွက် ၂၃၆ပွဲကစားပြီး ၂၆ဝဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန်အတွင်း ပြင်းပြင်းထန်ထန် ကြိုးစားမှု ၊ မှော်ဝင်သော ခြေစွမ်း၊ သေသပ်သော အလိမ်အခေါက်များကြောင့် နံမည်ကျော်ရုံသာမက ၆ပေ၁လက်မခွဲအရပ်ဖြင့် အဆီပိုမရှိဘဲ ကျစ်လျစ်တဲ့ခန္ဓာကိုယ်ကြောင့် ပရိသတ်ကို ဆွဲဆောင်ထားနိုင်သူပါ။




၃။ ရီကာဒို ကာကာ (Ricardo Kaka)

ရီကာဒို ကာကာ (Ricardo Kaka) ဟာ ကစားသမားဘဝကို ဆာအိုပေါ်လို အသင်းမှာ စတင်ခဲ့ပြီး အေစီမီလန်နှင့်ရီးရဲလ်မက်ဒရစ်အသင်းကြီးများတွင် ကစားဖူးသူပါ။ အရပ် ၆ပေ၁လက်မရှိပြီး လှပသပ်ရပ်သော ခြေစွမ်းဖြင့် အေစီမီလန်အသင်းကို ၂ဝဝ၆တွင် ချန်ပီယံလိဂ်ဖလားရရှိအောင် အဓိကစွမ်းဆောင်ခဲ့သူပါ။ ပျော်ရွှင်တက်တဲ့ ကာကာရဲ့ဟန်ပန်ဟာ မိန်းကလေးများ အသည်းစွဲဖြစ်တယ်လို့ ဆိုကြပါတယ်။




၎။ ရော်ဘင် ဗန်ပါစီ (Robin Van Persie)

ရော်ဘင် ဗန်ပါစီ (Robin Van Persie) ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖိယင်နုအသင်းဖြင့် စတင်ခဲ့ပြီး အာဆင်နယ်၊မန်ယူနှင့် လက်ရှိ ဖိနာဘာချီအသင်းမှာ ကစားခဲ့ကာနေပါတယ်။ ဘယ်ခြေဖြင့် လှလှပပဂိုးသွင်းလေ့ရှိပြီး အထောင်တိုက်စစ်လည်းဖြစ်ပါတယ်။ အရပ် ၆ပေဆိုတဲ့ မြင့်မားတဲ့အရပ်မောင်း၊တောင်တင်းတဲ့ခန္ဓာကိုယ်၊ချောမောတဲ့ရုပ်ရည်တို့ကြောင့် လူကြိုက်များခဲ့ဟန်တူပါတယ်။




၅။ ဂျာရက် ပီကေး (Gerard Pique)

ပီကေး (Gerard Pique) ဟာ လက်ရှိဘာစီလိုနာအသင်းမှာ ကစားနေတဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ပါ။ အရပ် ၆ပေ၄လက်မရှိပြီး တိုက်စစ်မှူးတွေ သတိထားရတဲ့ ကစားသမားတစ်ယောက်ပါ။ ၂ဝဝ၈ခုနှစ်မှစတင်၍ ဘာစီလိုနာအသင်းအတွက် ၂၂၁ပွဲစကားပြီး ၁၉ဂိုးသွင်းယူခဲ့ထားပါတယ်။ ချောမောတဲ့ရုပ်ရည်ကြောင့်လည်း ရှာကီရာတောင် အသည်းစွဲချစ်နေသူပါ။




၆။ ဇာဗီ အလွန်ဆို (Xabi Alonso)

အလွန်ဆိုဟာ သူ့ရဲ့အောင်မြင်သောကစားသမားဘဝကို လီဗာပူးလ်အသင်းမှာ စတင်ခဲ့ပြီး ၂ဝဝ၄-၂ဝဝ၅ရာသီတွင် ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ရာတွင် အဓိကကျခဲ့သူပါ။ ရီးရဲလ်မက်ဒရစ်အသင်းမှတဆင့် လက်ရှိဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက်အနေနဲ့ ကစားနေသူပါ။ အရပ် ၆ပေရှိပြီး မုတ်ဆိတ်မွှေးစစဖြင့် ချောမောလှတဲ့ဟန်ပန်တွေကြောင့် ပျိုမေတို့ စွဲလန်းခဲ့ရသူပါ။




၇။ စက် ဖာဘရီဂတ်စ် (Cesc Fabregas)

ဖာဘရီဂတ်စ်ဟာ ကစားသမားဘဝကို အာဆင်နယ်၊ဘာစီလိုနာနှင်ချဲလ်ဆီးအသင်းများတွင် ကျင်လည်နေသူပါ။ အရပ် ၅ပေ၉လက်မသာရှိသော်လည်း အရပ်နှင့်လိုက်ဖက်သာခန္ဓာကိုယ်ဖြစ်သောကြောင့် ရုပ်ချောတဲ့စာရင်းမှာ ပါဝင်လာခြင်းပါ။




၈။ ဒေးဗစ် ဗီလာ (David Villa)

ဒေးဗစ် ဗီလာ (David Villa) ဟာ ဗလင်စီယာ၊ဘာစီလိုနာ၊အသလက်တီကိုမက်ဒရစ် စတဲ့အသင်းများတွင် ဖြတ်သန်းပြီး လက်ရှိမှာတော့ နယူးယောက်အသင်းမှာ ကစားနေသူပါ။ ဘာစီလိုနာအသင်းမှာတော့ ၇၇ပွဲကစားပြီး ၃၃ဂိုးသွင်းယူခဲ့သူပါ။ အရပ် ၅ပေ၉လက်မသာရှိသော်လည်း ချောမောတဲ့ရုပ်ရည်၊တောင်တင်းတဲ့ခန္ဓာကိုယ်တို့ကြောင့် ရုပ်ချောတဲ့စာရင်းမှာ ပါဝင်နေခြင်းပါ။




၉။အိုလီဗာ ဂီရော့ဒ် (Olivier Giroud)

အိုလီဗာဂီရော့ဒ် ဟာ မောင့်ပယ်လီယာ အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာသူပါ။ အာဆင်နယ်အသင်းအတွက် ၁၃၅ပွဲပါဝင်ကစားပြီး ၅၇ဂိုးသွင်းယူထားပါတယ်။
အရပ် ၆ပေ ၄လက်မရှိပြီး တောင်တင်းတဲ့ခန္ဓာကိုယ်၊ဆွဲဆောင်မှုပြင်းတဲ့မျက်လုံး၊တိကျပြတ်သားတဲ့ မျက်ခုံး၊ ရဲတင်းတဲ့နှုတ်ခမ်းတွေကြောင့် လူကြိုက်များသူပါ။




၁ဝ။ ဂျိမ်း ရိုဒရိဂွတ် (ဒ်) (James Rodriguez)

ဂျိမ်း ရိုဒရိဂွတ် (ဒ်) ဟာ ၂ဝ၁၄ခုနှစ်မှစတင်၍ ရီးရဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိခဲ့ပြီး ၅၅ပွဲကစားကာ ဂိုး၂ဝသွင်းယူခဲ့သူပါ။ အရပ် ၅ပေ ၁၁လက်မရှိပြီး ဖြူရှင်သန့်ရှင်းသော အသားအရေ၊ ကလေးသဖွယ်နုနယ်တဲ့ ရုပ်ရည်တို့ကြောင့် လူချောစာရင်းမှာ ပါဝင်နေခြင်းဖြစ်ပါတယ်။


0 comments:

Post a Comment