cross

cross

Monday, June 20, 2016

နေရာ

အဖိုးဖြတ်လို့ မရတဲ့ အထဲမှာ " နေရာ " ဆိုတဲ့ စကားလုံးလည်း ပါတယ်။ နေရာဆိုတာကတော့ အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ရှိနေတာပေါ့လေ။ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်မရောက်ဖူးသေးတဲ့နေရာ၊
ကိုယ်လိုချင်တဲ့ နေရာ နဲ ကိုယ်မလိုချင်တဲ့ နေရာ အစရှိသ၍ပေါ့။ ဒါတွေက ရေဘူယျတွေပါ၊ အရေးကြီးဆုံးက ကိုယ့်အတွက်ထိုက်တန်တဲ့ နေရာနဲ့ မထိုက်တန်တဲ့ နေရာ ကြားမှာတော့ အခက်ခဲအကြပ်
အတည်း အရှိဆုံးဖြစ်မှာပါ။

ကိုယ့်လိုချင်တဲ့နေရာကို ရောက်လာတဲ့သူကလည်း မိမိဆန္ဒတွေပြည့်ဝတဲ့အတွက် အကောင်းဆုံးကြိုးစားမှာပါပဲ။ အထူးပြောစရာ မရှိပါဘူး၊ လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တာဟာ လူ တစ်ယောက်
အတွက် အကျေနပ်ဆုံးမို့ ပါ။မလိုချင်တဲ့ နေရာကျပြန်တော့ စိတ်က နှစ်ခွကြီးပေါ့။ မပျော်ကလည်း မပျော် မဖြစ်မနေကလည်း လုပ်နေရတာဆိုတော့ အပြင်မှာ အောင်မြင်မှုရနေတာတောင် စိတ်ထဲမှာ
ငြိမ်းချမ်းမှု မရှိတော့ ရှုံးနေပြီ။

ကိုယ်ရောက်တဲ့နေရာကတော့ ကိုယ့်အတွက် အကောင်းဆုံးပဲလို့ တွေးတတ်ရင် သိပ်ကောင်းတာပေါ့။ ဒီလိုမှ မဟုတ်ပဲ လုပ်ချင်တာလုပ်ပြီး နေချင်သလိုနေမယ်ဆိုရင်တော့ စိတ်မချမ်းမြေ့ စရာတွေပဲ
ကြုံတွေ့ နေမှာပါ။ ကိုယ်မရောက်ဖူးတဲ့နေရာကို ကိုယ့်အတွက် လေ့လာစရာအဖြစ်၊ သင်ခန်းစာ ယူစရာအဖြစ် အသုံးချမယ်ဆိုရင် သိပ်တန်းဖိုးရှိပါတယ်။ အဲ့လိုမှ မဟုတ်ပဲ ဒီနေရာလေးရောက်တုန်း ဖြစ်
သလိုပဲ နေလိုက်ပါမယ်လေ ဆိုတဲ့ စိတ်မျိုးရှိလို့ ကတော့ ဘ၀လည်း ဖြစ်သလိုပဲ ဖြစ်လာမှာပါ။

အခက်ခဲဆုံးရင်ဆိုင်ရမှာကတော့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မဲ့ နေရာ၊ တနည်း ထိုက်တန်တဲ့နေရာကို ရှာတဲ့အခါပါပဲ။ ကိုယ်လက်ရှိရောက်နေတဲ့ နေရာက ကိုယ့်အရည်ချင်းနဲ့ မကိုညီတဲ့အခါ လုပ်နေတဲ့သူ
လည်း အခက်ခဲဖြစ်သလို၊ ခိုင်းရတဲ့သူလည်း အဆင်မပြေတာတွေ တွေ့ ရပါတယ်။ ထို့ နည်းတူ ပေးထားတဲ့ နေရာက အရမ်းမြင့်နေပြီး ကိုယ့်ရဲ့ အရည်ချင်းကလည်း အဆင့်မမှီတဲ့ အခါမျိုးတွေမှာလည်း
လုပ်ရတဲ့သူနဲ့ ခိုင်းစေတဲ့ သူအကြား အဆင်မပြေမှုတွေ ရှိလာတော့တာပဲ။

ဒီအတွေက်ကြောင့်လည်း ဘ၀မှာ နေရာ တစ်နေရာကလည်း အင်မတန် အရေးကြီးပါတယ်။ အလေးထားပြီး ရွေးချယ်ဖို့ လည်း လိုအပ်ပါတယ်။ မသေခင်အချိန်များမှာနေရာဟာ အရေးကြီးသလောက်၊
သေလွန်ချိန်ကျပြန်တော့လည်း နေရာဆိုတာ အရေးကြီးနေပြန်ပါရော။ ကိုယ်ရောက်တဲ့ဘုံဘ၀က မြင့်မြတ်တဲ့ နေရာတွေဆိုရင် ကောင်းသေးရဲ့၊ ရုပ်ညံ့တဲ့ နေရာတွေဆို ဒုက္ခဆိုတဲ့တရားကြီးက လိုက်လာ
ဦးမှာပဲလေ။ ကိုယ်သွားရမယ့်နေရာကို မသိတာတောင်မှ ကိုယ့်နေရာကောင်းဖို့ အတွက် ဘယ်လိုပြင်ဆင်ရမလည်းဆိုတဲ့ အတွေးမျိုးတော့ ထားရှိသင့်ပါတယ်။

မြင့်မြတ်တဲ့နေရာကို ရထားတဲ့သူဟာ တန်းဖိုးတွေ အလိုလို မြင့်လာအောင်လုပ်ရမယ်၊ ပိုပြီးရင့်ကျက်လာစေရမယ်။ ပိုပြီး မြင့်မြတ်လာတဲ့သူ၊ ပိုပြီးရင့်ကျက်လာတဲ့သူဟာလည်း မင်္ဂလာတွေ လိုလိုရှိလာမယ်။
အခက်အခဲတွေကို နေရာပေါ်မူတည်ပြီး မဖြေရှင်းပဲမနေပါနဲ့ ။ သေသွားတဲ့အခါ ကိုယ့်ရဲ့ အုတ်ဂူပေါ်မှာ "ပြန်လည်မတိုက်ခိုက်ပဲ ကျရှုံးသွားရလေခြင်း" ဆိုတဲ့ စာတမ်းကြီး အတပ်မခံလိုက်ပါနဲ့ ။ ကိုယ့်ရဲ့အတွေ့ 
အကြုံတိုင်းကိုလည်း အမှတ်တမဲ့ မနေပါနဲ့ ။ အမြဲဆန်းစစ်ပြီး ကြိုးစားနေပါ။

ဒီနေရာက ပညာတတ်တွေချည်းနေတဲ့ နေရာဖြစ်ပေမယ့် ကိုယ့်မှာ ပညာတွေ မတတ်ထားပေမယ့် ဒီနေရာနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံကောင်းလေးဟာ ကိုယ့်အတွက် အောင်မြင်မှုလမ်းစ ဖြစ်လာတတ်ပါ
တယ်။ စကားလေးတစ်ခွန်းရှိပါတယ်၊ " အကြောင်းအရာတစ်ခုကို အခေါက်တစ်ရာ စာတွေ့ ကြုံရတာဟာ ကိုယ့်တွေ့ တစ်ခေါက်လောက်မကောင်းဘူး" ဆိုတာပါပဲ။ ဒါကြောင့် နေရာတွေကို အလေးထားပါ။
သိုပေမယ့် ဒီနေရာမှ ဒီနေရာဆိုတဲ့ အတွေးမျိုးတွေတော့ မ၀င်စေချင်ပါဘူး။

ကိုယ်အကောင်းဆုံး ဖြေရှင်းနိုင်တဲ့နေရာတိုင်းမှာ ကိုယ့်အတွက် အောင်မြင်မှုဆိုတာရှိပါတယ်။ " နေရာတစ်ခုကို မိမိအတွက် ဘယ်တစ်ဦးတစ်ယောက်မှ ကြိုတင်ဦးမထားကြပေမယ့် မိမိထသွားလိုက်တာနဲ့ အလို
လို ၀င်ထိုင်မယ့်သူတွေ တစ်ပုံချည်းပါ" ။ ရတဲ့ နေရာလေးကိုလည်း တန်ဖိုးထားရင်း လုပ်ရမယ့်အလုပ်တွေကိုလည်း တန်ဖိုးထားပေါ့၊ တန်ဖိုးထားတတ်တဲ့စိတ်နဲ့ ညီမျှတဲ့ အောင်မြင်တဲ့တန်ဖိုးကို ခံစားကြရမှာ အမှန်
ပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment