cross

cross

Wednesday, June 8, 2016

ဟဇရသ်အလီ၏ဆုံးမစကားအချို့

🍡 အကြင်သူဟာ မကောင်းမှုရဲ့ ဆုံးရှုံးမှုကို မသိရင် မကောင်းမှုကြောင့် ကျရောက်လာမယ့် အန္တရာယ်ကိုလည်း မရှောင်ကြဉ်နိုင်ဘူး။

🍡 အကြင်သူဟာ ကောင်းမှုရဲ့အကျိုးကို မသိဘူးဆိုရင် ကောင်းမှုကြောင့် ရရှိလာမယ့် အကျိုးအမြတ်ကိုလည်း ရယူလုပ်ဆောင်နိုင်စွမ်းမရှိဘူး။

🍡 အကြင်သူဟာ အပြစ်ဒုစရိုက်တွေနဲ့ ကင်းမယ်ဆိုရင် အဲဒီ့သူဟာ ရဲရင့်တဲ့သူဖြစ်ရလိမ့်မယ်။

🍡 အကြင်သူမှာ အပြစ်ဒုစရိုက်တွေ ရှိနေမယ်ဆိုရင် သူဟာ လူကြောက်ဖြစ်ရလိမ့်မယ်။

🍡 အသိဉာဏ်မရှိတဲ့ သူတွေကိုရှောင်။ ထိုသူတွေနဲ့ ဝေးဝေးနေပါ။ သူတို့ကိုလည်း ဝေးဝေး မှာထားပါ။
ဘာကြောင့်လည်းဆိုရင် အသိဉာဏ် မရှိတဲ့သူတွေဟာ များစွာသော အသိဉာဏ်ရှိသူတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။

🍡 အကြင်သူဟာ သေခြင်းကို ယနေ့နက်ဖြန် ရောက်လာမယ့်
အကြောင်းကဲ့သို့ အမှတ်ထားနေမယ်ဆိုရင် သေခြင်းတရား သူ့ထံ ဆိုက်
ရောက်လာရင်လည်း သေခြင်းရဲ့ ဒုက္ခကိုခံစားရမှာမဟုတ်ပါဘူး။

🍡 အကြင်သူဟာ ကျေးဇူးပြုသူရဲ့ ကျေးဇူးကို မသိတတ်ဘူးဆိုရင် နောက်နောင်ကို ဒီလိုကျေးဇူးမျိုးနဲ့ ဝေးရလိမ့်မယ်။

🍡 အကြင်သူဟာ မိမိရဲ့နှိုးကြားမှုနဲ့ အကူအညီကို မယူဘူးဆိုရင် စောင့်ရှောက်သူများရဲ့ စောင့်ရှောက်မှုနဲ့လည်း အကျိုးမခံစားရဘူး

🍡 အကြင်သူဟာ သေးတဲ့ဒုက္ခကို ကြီးတယ်လို့ မှတ်ယူရင် ကြီးတဲ့ဒုက္ခတွေထဲမှာပဲ အရှင်မြတ်က နစ်မွန်းစေလိမ့်မယ်။

🍡 အကြင်သူဟာ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်ဟာကို မသိဘူးဆို
အခြားသူကလည်း ကိုယ့်ရဲ့တန်ဖိုး ကို သိမှာမဟုတ်ဘူး။ (ကိုယ်ကိုကိုယ်
တန်ဖိုးမထားတဲ့သူကို အခြားသူကလည်း တန်ဖိုးထားမှာ မဟုတ်ဘူး)

🍡 အကြင်သူဟာ ကောင်းကောင်းဆက်ဆံလို့ မဖြောင့်ဘူးဆိုရင် ဆိုးဆိုးဆက်ဆံရင် ဖြောင့်သွားနိုင်တယ်။

🍡 ဒွန္နယာ (လောကီ မျက်မှောက်) နဲ့ အာခေရသ်
(သေပြီးတမလွန် - လောကုတ္တရာ) ရဲ့ ပမာဟာ ဒီလိုရှိတယ်။
လူတစ်ယောက်မှာ ဇနီးနှစ်ယောက်ရှိပြီး တစ်ယောက်ကိုပဲ ပျော်အောင်လုပ်မယ်ဆိုရင် နောက်တစ်ယောက်က မပျော်ဘူး။

🍡 သင်ဟာ "ခါလစ်က်" (ဖန်ဆင်းရှင်) ကို ကြောက်ရွံ့ လာပြီဆိုရင် "ခါလစ်က်"ဆီကိုဘဲ ပြေးပါ။ (ဒီနေရာမှာ ကြောက်ရွံ့လာတယ်ဆိုတာ သားသမီးက မိဘကိုကြောက်သလိုမျိုး၊ တပည့်က ဆရာကိုကြောက်သလိုမျိုး၊ အထက်အရာရှိကို အမှုထမ်းက ကြောက်သလိုမျိုး - ဂုဏ်ပေး လေးစားသောအားဖြင့် ကြောက်ခြင်းကို ဆိုလိုပါသည်။)

🍡 "မခ်လူးက်" (ဖန်ဆင်းခံ) ကို စိုးရိမ်လာပြီဆိုရင်တော့ "မခ်လူးက်"နဲ့ ဝေးဝေးဆီကို ပြေးပါ။ (ဒီနေရာမှာ စိုးရိမ်တယ်ဆိုတာက အနိုင်အထက်လုပ်မှာ၊ မတရားပြုမူခံရမှာ ၊ ကြီးနိုင်ငယ်ညှဉ်းလုပ်မှာ စတဲ့ အန္တရာယ်တွေကိုဆိုလိုပါတယ်)

🍡 လူရဲ့အရည်အချင်းဆိုတာ သူ့ရဲ့နှုတ်ပေါ်မှာ မရှိဘူး။
(သဘောက လုပ်ရပ်ပေါ်မှာရှိတယ်)

🍡 သီးခံခြင်းဟာ ဘယ်တော့မှ ခလုတ်မတိုက်တဲ့ အစီးအနင်းတစ်ခုဘဲ။
ခွင့်လွှတ်ခြင်းဟာ အကောင်းဆုံးသော လက်စားချေခြင်းဘဲဖြစ်တယ်။

🍡 ရန်သူရဲ့ကောင်းစွာ ဆက်ဆံမှုအပေါ်မှာ ယုံကြည်ကိုးစားမှု မပြုလေနဲ့။ ဘာကြောင့်လဲဆိုရင် ရေကိုမီးနဲ့ ဘယ်လောက်ပဲ ပူအောင်လုပ်ပါစေ။ အဲဒီရေဟာ မီးကိုငြိမ်းသတ်ဖို့ လုံလောက် ပါတယ်။

🍡 လူတွေရဲ့ရှေ့မှာ ဆုံးမခြင်းဟာ တစ်နည်းအားဖြင့် အပြစ်တင်ခြင်းတစ်မျိုးပဲ။

🍡 အပြစ်ကို ၀န်ခံခြင်းဟာ ကျူးလွန်မှုအတွက် အကောင်းဆုံးရှေ့နေပါပဲ။

🍡 ရန်သူဆိုတာ တစ်ယောက်ဆိုရင်လည်း အများကြီးပဲ။ မိတ်ဆွေဟာ ဘယ်လောက်ပဲများများ နည်းပါတယ်။

🍡 ပညာဟာ ဥစ္စာထက်မြတ်တယ်။ ပညာက သင့်ကို
စောင့်ရှောက်တယ်။ သင်က ဥစ္စာကို စောင့်ရှောက်ရတယ်။

🍡 ရန်သူရဲ့ အနီးအနားမှာ နေရတဲ့သူဟာ စိုးရိမ်စိတ်မချမ်းမြေ့မှုနဲ့ပဲ ခန္ဓာကိုယ်ဟာ ပိန်ချုံးလျက်ရှိမယ်။

🍡 အပြစ်ရှာတဲ့သူအဖို့ အပြစ် တစ်ခုမဟုတ် တစ်ခု တွေ့ကိုတွေ့မယ်။

🍡 ဒုက္ခအပေါ်မှာ ကြောက်ရွံ့ခြင်းဟာ ကြီးမားတဲ့ဒုက္ခကြီးတစ်ခုပဲ။

🍡 အဆင်းရဲဆုံးသူဟာ မိတ်ဆွေသင်္ဂဟကင်းတဲ့သူပဲဖြစ်တယ်။

🍡 ပညာအကြောင်းပြောတဲ့သူတွေ တော်တော်များပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့ပညာကို ကျင့်သုံးပြီး ထိန်းသိမ်းတဲ့သူဟာ တော်တော်ပဲ နည်းတယ်။

🍡 ပညာဟာဥစ္စာဓနကြွယ်ဝသူတွေအတွက်ကတော့ ပကာသနနဲ့ အလှအပတစ်ခုပါပဲ။

🍡 ဆင်းရဲကျပ်တည်းသူတွေအတွက်ကတော့ ချောင်လည်
ချမ်းမြေ့ဖွယ်ရာ တစ်ခုဖြစ်ပါတယ်။

🍡 သေခြင်းတရားထက် မှန်တဲ့အရာဟာ ဘယ်မှာမှမရှိဘူး။

🍡 မျှော်လင့်ချက်ထက် မှားတဲ့အရာ ဆိုတာလည်း ဘယ်မှာမှမရှိဘူး။

🍡 ဒွန္နယာ (မျက်မှောက် လောကီ) ဟာ ဒီလိုအိမ်ဖြစ်တယ်။ ဘယ်လိုအိမ်လည်းဆိုရင် အကြင်အိမ်ရဲ့အစဟာဒုက္ခ၊ အဆုံးဟာ ပျက်စီးခြင်း၊ သူရဲ့ ဟလာလ် (တရားဝင် သန့်ရှင်းသော) ပစ္စည်းအတွက်လည်း အစစ်ဆေးခံရမယ်။
အဲဒီ့အိမ်မှာ ချမ်းသာတဲ့ သူဟာလည်း အများအားဖြင့် ပြဿနာတွေထဲမှာပဲ နစ်မွန်းလျက်ရှိမယ်။ ဆင်းရဲ တောင့်တ၊ ကြောင့်ကျရသူ ဟာလည်း သောကထဲမှာပဲ နစ်မွန်းလျက်ရှိမယ်။

🍡 ဒွန္နယာ လာပြီဟေ့ဆိုရင် လာလျက်ပဲရှိမယ်။ သွားပြီဟေ့ဆိုရင်လည်း ပြန်မကြည့်တဲ့သွားခြင်းနဲ့ သွားမယ်။

🍡 ဒွန္နယာဟာ မကုန်ဆုံးနိုင်တဲ့ ကြီးမားတဲ့ ဒုက္ခတွေရဲ့ အစုအဝေးတစ်ခုဖြစ်တယ်။

🍡 သာသနာရဲ့ ပြုပြင်မှု (သာသနာ့အဆုံးအမ ကျင့်စဉ်အတိုင်း
နေထိုင်နိုင်ရန် အားထုတ်ကြိုးပမ်းမှု) ဟာ ဒွန္နယာရဲ့ဆုံးရှုံးမှုနဲ့သာ ရနိုင်တယ်။

🍡 ဒွန္နယာဟာ တစ်ဦးတစ်ယောက်ကို လှည့်ပြီဆိုရင် တစ်ခြားသူတွေရဲ့ အရည်အချင်းတွေကို အဲဒီ့သူကို လွှမ်းခြုံပေးလိုက်တယ်။

🍡 ဒွန္နယာဟာ တစ်ဦးတစ်ယောက်ထံက ခွာပြီဆိုရင်လည်း သူ့ရဲ့အရည်အချင်းတွေကိုပါ ချွတ်ယူသွားတယ်။

🍡 လောဘနဲ့တော့ ရိုဇီရိက္ခာဟာ တိုးပွားပြီးမလာနိုင်ပါဘူး။
ဒါပေမယ့် ထိုသူ့ရဲ့ သိက္ခာကတော့ လျော့ကျသွားမယ်။

🍡 မတရားခြင်းဟာ "နစ်အ်မသ်"တွေကို ဝေးစေတယ်။

🍡 အမိန့်ဖီဆန်ခြင်းဟာ "အဇာဗ်"တွေကို ခေါ်လာတယ်။

🍡 ဒေါသက ရှောင်ပါ။ ဒေါသရဲ့အစဟာ ရူးသွပ်ခြင်းကို ဖြစ်စေတယ်။

🍡 ဥစ္စာငွေကြေးကို စွန့်ကြဲဖို့ အတွန့်တိုဆုံးသောသူဟာ မိမိရဲ့ သိ
က္ခာကို စွန့်ကြဲဖို့ အရက်ရောဆုံးသူပဲ ဖြစ်ပါတယ်။

🍡 အပြစ်အပေါ်မှာ ရှက်ကြောက်ခြင်းဟာ အပြစ်တွေကို
ပယ်ဖျက်ပစ်လိုက်တယ်။

🍡 ကောင်းမှုအပေါ်မှာ ၀ံ့ကြွားခြင်ဟာ ကောင်းမှုတွေကို
ပယ်ဖျက်ပစ်လိုက်တယ်။

🍡 ငါ၏ပိုင်ဆိုင်မှု ဟူသရွေ့သည် လူတိုင်း၏ ပိုင်ဆိုင်မှုသာ
ဖြစ်ချေသည်။

🍡 ဟဇရသ်အလီ သခင်အမိန့်ရှိတယ်။
လူတစ်ယောက်ကို သုံးပုံပုံလျှင် တစ်ပုံဟာ အလ္လာဟ်အရှင်သာ လျှင်ပိုင် (ရူဟ်ဝိညာဉ်)တစ်ပုံကို မြေကြီးက ပိုင်လိုက်တယ်
(ကိုယ်ကာယ) တစ်ပုံကို မိမိသာလျှင် ပိုင်ဆိုင်တယ် (အီမာန်နဲ့ အမလ်) (ပမာပြဆိုချက်) (တကယ်တော့အားလုံးကို အလ္လာဟ်ပိုင်ပါတယ်)

🍡 အသိဥာဏ်ရှိတဲ့သူက မိမိကိုယ်ကို နှိမ့်ချပြီးတော့ မြင့်မားတဲ့
အဆင့်ကို ရရှိတယ်။ အသိဉာဏ် မရှိသူက မိမိကိုယ်ကို ဘ၀င်မြင့်ပြီး
သေးသိမ်နိမ့်ကျတဲ့အဆင့်ကို ရောက်သွားတယ်။

🍡 အပြစ်များ ကျူးလွန်ပြီးနောက် နောင်တရလျှင် အပြစ်များ
ပပျောက်သွားမည်။

🍡 ကောင်းမှုပြုပြီးနောက် ဘ၀င်မြင့်လျှင် ကောင်းမှုများ ပပျောက်သွားမည်။

🍡 တွန့်တိုတဲ့သူဟာ လောကမှာ ဆင်းရဲသားများကဲ့သို့ နေထိုင်ရပြီး နောင်တမလွန်တွင် သူဋ္ဌေးများကဲ့သို့ စာရင်းပေးရလိမ့်မည်။

🍡 လူတို့နှင့် စကားပြောဆိုလျှင် သူတို့၏ဥာဏ်ရည်အဆင့်နှင့် နားလည်သဘောပေါက်မှုအဆင့်ကို သတိထား၍ လိုက်လျောညီထွေစွာ စကားပြောဆိုပါ။ သင်၏ပြောဆိုမှု မြင့်မားမှုကြောင့် လူတို့သည် သဘောမပေါက်ဘဲ အလ္လာဟ်နှင့်ရစူလ်ကို ငြင်းဆန်ကြမည်ကို စိုးရိမ်ရသည်။

🍡 ယဉ်ကျေးသူသည် ဆာလောင်မွတ်သိပ်သောအခါမှသာ ထိန်းမနိုင် သိမ်းမရဖြစ်တတ်သည်။ ယဉ်ကျေးမှုမရှိသူ လူမိုက်သည် ၀မ်းဝသောအခါ ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်သည်။

🍡ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သလို နှလုံးသားကလည်းပင်ပန်းနွမ်းနယ်တတ်သည်။ထို့ကြောင့်
နှလုံးသားများကိုလည်းအနားပေးပါ။

🍡သူတို့အတွက် ယဉ်ကျေးသိမ်မွေ့တဲ့ ရယ်ရွင်ဖွယ်ရာများကို
ရှာဖွေပါ။

🍡"နဖ်စ်" (စိတ်ဝိညာဉ်) ဟာ ဆန္ဒများကို ဦးစားပေးတတ်တယ်။
လွယ်ကူမှုနဲ့ပျင်းရိမှုကိုရွေးချယ်တတ်တယ်။
ကစားခုန်စားမှုကို ခုံမင်တတ်တယ်။ မကောင်းမှုကို လှုံ့ဆော်တတ်တယ်။ မကောင်းမှုဟာသူ့အတွင်းဝင်ဆံ့နိုင်တယ်။ သာယာမှုကို လိုလားတယ်။

အလုပ်ကို ခိုတတ်တယ်။ အကယ်၍ အတင်းအကျပ် ပြုမယ်ဆိုလျှင် ပိန်ချုံးသွားမယ်။ လုံးဝစွန့်လွှတ်ထားလျှင်လည်းပျက်ဆီးသွား လိမ့်မယ်။

🍡စာရိတ္တနဲ့ရိုသေမှုဟာခဏခဏအသစ်လဲရတဲ့ ၀တ်စုံများပမာ ဖြစ်တယ်။

🍡ဦးနှောက်အသိဥာဏ်ဟာ သန့်ရှင်းကြည်လင်တဲ့ မှန်ပမာဖြစ်တယ်။

(ဖတ်ပါမှတ်ပါလိုက်နာကျင့်သုံးပါ စာအုပ်မှ ကူးယူ တင်ပြသည်)

🍡အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အထက်ပါ အကြောင်းအရာများအပေါ်မှာ လက်တွေ့လိုက်နာနိုင်စွမ်း
သောင်ဖီးက် ပေးသနားတော်မူပါစေ။ (အာမီးန်)                                               
🍀🎄🍀🌲🍀🎄🍀🌲🍀🎄🍀

0 comments:

Post a Comment