cross

cross

Saturday, May 21, 2016

ရှဗ်ဗေဗရားအ်သ်ညတွင် မပြုလုပ်ရမည့် ကိစ္စရပ်များ

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အုပ်စုလိုက် ဂျမာအသ်ဖြင့် နဖိလ်နမားဇ်ဖတ်ခြင်း မပြုလုပ်ရပါ။
နဖိလ်နမာဇ်တွေကိုမိမိတို့တစ်ဦးချင်းစီပြုလုပ်ကြပါ

ဗရားအ်သ်ညအတွက်မုန့်အချိုများပြုလုပ်ခြင်း၊
အစားအသောက်များပြုလုပ်ခြင်း၊
တို့ကို ပြုလုပ်ရမည်ဟူ၍လဲမရှိပါ။

ဗရားအ်သ်ညမြတ်တွင် အိမ်၌ ဖယောင်းတိုင်များထွန်းခြင်း၊အမွေးတိုင်များထွန်းခြင်း အိမ်ရှိမီးများကို အပြည့်ထွန်းညှိခြင်း မပြုလုပ်ရပါ။
ထိုလုပ်ရပ်တို့သည် အစ္စလာမ်နှင့် မသက်ဆိုင်ပါ။

ဗရားအ်သ်ညတွင်ကားတွေကိုယ်စီကိုယ်စီနဲ့အမျိုးသားတွေကဘရ်စတန်သွားပြီဇေယာရသ်လုပ်ကြတယ်ဒီအတွက်အချိန်တွေကုန်ကြတယ်အလွန်တန်ဖိုးရှိတဲ့ညရဲ့အချိန်တွေကိုအဲ့လိုကဘရ်စတန်သွားပြီဇေယာရသ်လုပ်ပြီးမကုန်ဆုံးသင့်ပါဘူး၊မိမိအိမ်ကနေလဲကွယ်လွန်သူတွေအပေါ်အီစွာလေစဝါဖ်ပို့လို့ရပါတယ်ကွယ်လွန်သူများအပေါ် အီစွာလေစဝါးဗ် ပို့သပါ။
အီစွာလေစဝါးဗ်ကို မိမိအိမ်မှပင် ပို့သမှု ပြုနိုင်ပါသည်။ စူရဟ်ယာစီးန် ဖတ်ပြီး စဝါးဗ်ပို့သပါ။ဟဇရသ်အလီ (ရသွီ)က အမိန့်ရှိသည်မှာ အကြင်သူသည် စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်ရှိသူအားလုံး၏ အရည်အတွက်နှင့်အညီ ကုသိုလ်စဝါးဗ်ကို အလ္လာဟ်အရှင်မြတ် ပြန်လည်ချီးမြှင့်မည်။ဟဇရသ်အနတ်စ်သခင် မိန့်သည်မှာ အကြင်သူက စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်၌ အဇားဗ်ပြစ်ဒဏ်ခံနေရသူများ ရှိပါက အလ္လာဟ်အရှင်မြတ်သည် ပြစ်ဒဏ်ကို လျှော့ပေးတော်မူမည်ဖြစ်၏။ထို့အတူ စူရဟ်ဖာသိဟဟ် နှစ်ကြိမ်ဖတ်ပါက ကုရ်အာန် တစ်ခသမ်၏ ကုသိုလ်ရမည်။ စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) သုံးကြိမ်ဖတ်လျှင် ကုရ်အာန်တစ်ခသမ်၏ စဝါးဗ်ရမည်။ ထို့အတူ စူရဟ်သကာစုရ် (စူရဟ်အမှတ် ၁ဝ၂)၊ စူရဟ်မုလ်က် (စူရဟ်အမှတ် ၆၇)၊ စူရဟ်အလိဖ်လာမ်(မ)မီးမ် စဂ်ျဒဟ် (စူရဟ်အမှတ် ၃၂) တို့ကို အီစွာလေစဝါးဗ့်ပို့သရာတွင် ဖတ်ရွတ်ပါက ကောင်းမွန်ပါသည်။
တစ်ခြားနေ့တွေမှာကဘရ်စတန်ကိုသွားပြီဇေယာရသ်လုပ်သင့်ပါတယ်အဲ့လို့သွားခြင်ကသေခြင်းတရားကိုသံဝေကရရန်အတွက်ဖြစ်ပါတယ်၊ဗရားအ်သ်ညမြတ်လိုညတွေမှတော့မိမိအိမ်မှာပဲအေဘာဒသ်လုပ်သင့်ပါတယ်ကွယ်လွန်သူတွေအတွက်အီဆာလေစဝါဖ်ပို့သင့်ပါတယ်မိမိအိမ်ကနေပဲဘရ်စတာန်သွားပြီမိမိရဲ့တန်ဖိုးရှိတဲ့အချိန်တ်ေကိုမကုန်ဆုံးသင့်ပါဘူး။ကာဖိရ်တွေရဲ့အမြင်မှာတောအဲ့လိုညဘက်ကြီကဘရ်စတန်ကိုသွားနေတဲ့အတွက်(သင်္ချိင်းပွဲတော်ည)လို့ပြောနေကြပါတယ်အစ္စလာမ်တွေကသင်္ချိင်းတွေမှာလဲပွဲတော်တွေလုပ်သင်္ချိင်းတွေကိုးကွယ်တယ်လို့တောင်ထင်မှတ်ရစေပါတယ်၊ကိုယ့်ကြောင့်ကိုယ့်အစ္စလာမ်သာသနာမတိုးတက်ရင်နေပါစေကိုယ့်ကြောင့်ကိုယ့်ရဲ့သာသနာမဆုတ်ယုတ်ပါစေနဲ့။

သေသူများသည် ထိုညတွင် ပြန်လာသည်ဟု ယုံကြည်ကာ ၎င်းတို့၏ အဝတ်အစားများကို ထုတ်ထားခြင်း၊ ပြသသည့်ပုံစံပြုခြင်းတို့ လုံးဝမလုပ်ရပါ။ ထိုယုံကြည်မှုကိုလည်း မထားရပါ။

ဖသာဝါဗဇ်ဇာဇီယာကျမ်း၌ လာရှိသည်မှာ အကြင်သူက သူတော်စင်တွေရဲ့ ဝိညာဉ် မိမိထံကိုလာတယ်ဟု ယူဆလျှင် ယင်းအကြောင်းအရာသည် ရှရီအသ်တွင် လုံးဝမရှိသည့် ကိစ္စရပ်ဖြစ်သည်။ ထိုသို့သော်သူ၏ အီမာန်ပျက်စေသည်အထိပင် ဖြစ်နိုင်သည်ဟု ရေးသားဖော်ပြထားသည်။
ထို့အတူ ကုရ်အာန်ကျမ်းမြတ်တွင် ဗရ်ဇခ်လောကသို့ရောက်ပြီးနောက် ဝိညာဉ်တွေက လူ့လောကသို့ နောက်ပြန်လာရန် အကြောင်းမရှိဟု မိန့်ကြားထားပါသည်။ သက်ရှိလူ့လောကဖက်မှ ကုသိုလ်ပေးပို့ခြင်းသာ ရှိပေသည်။

ဗရားအ်သ်ညတွင် .........
အမျိုးသားများအနေဖြင့် အိရှာအ်နမားဇ်ပြီးပါက မိမိအိမ်သို့ပြန်လာပြီး နဖိလ်အိဗာဒသ်များပြုလုပ်ကာ ဖတ်ရွတ်ခြင်းက ပိုကောင်းသည်။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိအိမ်နှင့် ဗလီ ကပ်လျက်ရှိသော်လည်း အိမ်၌ပင် အိဗာဒသ်ပြုတော်မူပေသည်။ အဘယ်မျှ နီးကပ်သနည်း ဆိုသော် တမန်တော်ဗလီအတွင်း အိအ်သိကားဖ်ထိုင်စဉ် ဦးခေါင်း၌ ဆီထည့်လိုသည့်အခါ ပြတင်းပေါက်မှပင် အိမ်ခန်းအတွင်း ဦးခေါင်းထည့်လိုက်ပြီး ဟဇရသ်အာအိရှဟ်သခင်မမှ ဆီထည့်ပေးလေသည်။ ဆိုလိုသည်မှာ ထိုမျှ နီးကပ်စွာရှိသည်။ တမန်တော်၏ အိမ်သည် အဘယ်မျှ ကျဉ်းသနည်းဆိုသော် တမန်တော် နမားဇ်ဖတ်သည့်အခါ စဂ်ျဒဟ်ပြုရန်အတွက် ဟဇရသ်အာအိရှဟ်သခင်မ၏ ခြေထောက်ကို တို့လိုက်သည်။ သခင်မက ခြေထောက်ကို ရုတ်လိုက်၍ ကိုယ်တော်စဂ်ျဒဟ်ပြုတော်မူပေသည်။ ထိုမျှကျဉ်းသောအိမ်ဖြစ်ပြီး တစ်ဖက်တွင် ကျယ်ဝန်းသော ဗလီနှင့် နီးကပ်စွာရှိနေသော်လည်း ကိုယ်တော်သည် အိမ်သို့သွား၍ နဖိလ်အိဗာဒသ်များ ပြုလုပ်တော်မူခဲ့ပေသည်။ ထို့ကြောင့် အမျိုးသားများအနေဖြင့်လည်း အိရှာအ်ဆွလားသ်ပြီးပါက အပြင်တွင်မနေဘဲ မိမိအိမ်သို့ပြန်၍ အိဗာဒသ်ပြုသင့်လှသည်။ အိမ်ရှိအမျိုးသမီးများလည်း အားတတ်မည်။ ထို့အတူ မိမိအိဗာဒသ်ပြုနေသည်ကို တွေ့မြင်၍ ကျန်သူများလည်း အိဗာဒသ်ပြုချင်စိတ် ဖြစ်ပေါ်လာပေမည်။

0 comments:

Post a Comment