မတ်စ်အလဟ်။ ။ ခုတ်ဖြတ်၊ လုယက် စားသောက်တတ်၍ ကြမ်းကြုတ်ခက်ထန်သော တိရစ္ဆာန် သားကောင် ငှက်သတ္တဝါကိုဖြစ်စေ၊ မသန့်အညစ်အကြေးတို့ကို စားသောက်တတ်သော တိရစ္ဆာန်ကိုဖြစ်စေ၊ စားခြင်းမပိုင်ပေ။ ဥပမာ - ကျား၊ ဝံပုလွေ၊ ဝက်၊ ဝက်ဝံ၊ ခွေး၊ ခွေးအ၊ ကြောင်၊ မျောက်၊ လင်းတ၊ လင်းယုံ၊ သိမ်းငှက် စသည်တို့ဖြစ်လေသည်။
ဤကဲ့သို့မဟုတ်သောတိရစ္ဆာန်များမှာ - ဥပမာ ကြက်တူရွေး၊ သာလိကာ၊ ချိုး၊ စာကလေး၊ ခါ၊ ရေကြက်၊ ခို၊ တောနွား၊ သမင်၊ ဝမ်းဘဲ၊ ယုန် စသည်တို့အားလုံး ပိုင်လေသည်။
( الجوهرةالنيرة؛ ج٢ـ ص٢٤٩)
မတ်စ်အလဟ်။ ။ ဗစ်ဂ်ျ ဂျူ ( သင်္ချိုင်းမှကလေးများကိုဖော်စားသော သစ်ပုလွေနှင့်တူသောအကောင်) ဖွတ်၊ လိပ်၊ နကျယ်ကောင်၊ မြည်း၊ လားတို့၏ အသားကိုစားခြင်းနှင့် မြည်းနို့ကိုသောက်ခြင်းမပိုင်၊ မြင်းသားကိုမူစားပိုင်၏။ သို့သော် မကောင်းပေ။
ရေသတ္တဝါများအနက် ငါး တစ်ခုသာလျှင် ဟလာလ်စားသုံးပိုင်၏။ ကျန်အားလုံးဟရာမ်ဖြစ်သည်။
( الجوهرةالنيرة؛ ج٢ ـ ص٢٤٩)
မတ်စ်အလဟ်။ ။ ငါး နှင့် နှံကောင်တို့ကို ဇဗဟ်မလှီးပဲ စားသုံးပိုင်၏။ ထိုနှစ်ကောင်အပြင် မည်သည့်သက်ရှိသတ္တဝါကိုမျှ ဇဗဟ်မပြုပဲ မစားအပ်။ အလိုအလျောက်သေသွားသောအကောင်သည် ဟရာမ်ဖြစ်၏။
( الجوهرةالنيرة؛ ج٢ ـ ص٢٥١)
မတ်စ်အလဟ် ။ ။ သေ၍ ရေပေါ်၌ ပက်လက်လန်၍ပေါ်နေသောငါးကို မစားထိုက်။
( شرح التنوير؛ ج٢ ـ ص٢١٠)
မတ်စ်အလဟ်။ ။ အူစလီ (ခေါ်) ဝမ်းတွင်းသားကိုစားခြင်းဟလာလ်ဖြစ်သည်။ ဟရာမ်လည်းမဟုတ်။ မက်ရူးဟ်လည်းမဟုတ်ချေ။
( درالمختار؛ ج٢ ـ ص٣٤٩)
မတ်စ်အလဟ်။ ။ ပစ္စည်းတစ်ခုခုထဲ၌ ပုရွက်ဆိတ်များ ကျသေနေလျှင် မဆယ်ပဲ၎င်းပစ္စည်းကိုမစားထိုက်။ တစ်ကောင်တစ်လေ လည်ချောင်းထဲဝင်သွားသော် ထိုအခါ အသေကောင် အသေသားစားသကဲ့သို့ အပြစ်ဖြစ်သည်။ အချို့သူတို့သည် ရေသဖန်းသီးကို ပိုးများ၊ ပုရွက်ဆိတ်များပါ တစ်ပါတည်းစား၍(ရေကူးတတ်သည်) မျက်စိမနာဘူးဟု ပြောကြသည်။ ထိုသို့စားခြင်းဟရာမ်ဖြစ်ရုံမက အသေကောင် အသေသားစားသကဲ့သို့အပြစ်ဖြစ်သည်။
( فتاوى شامى؛ ج٥ ـ ص٢٦٧)
မတ်စ်အလဟ်။ ။ ဘာသာခြားတစ်ဦးတစ်ယောက်က ဥပမာ- ဟိန္ဒူလူမျိုးတစ်ယောက်က (ဗမာဗုဒ္ဓဘာသာတစ်ယောက်က) ကျွန်တော်သည် မွတ်စ်လင်မ်ကိုလှီးခိုင်း၍ ရောင်းချပါသည် ဆိုသောအသားကို ဝယ်စားခြင်း မထိုက်ပေ။
သို့သော် မွတ်စ်လင်မ်တစ်ဦးတစ်ယောက် ဇဗဟ်လုပ်သောအခါတွင် အခြားမွတ်စ်လင်မ်တစ်ဦးသည်ထိုင်၍ကြည့်နေပြီး ထိုသူထသွားသောအခါ အခြားတစ်ယောက်က ထိုသူ့အစား ၄င်းနေရာမှာပင် ထိုင်၍ကြည့်နေသည့်အခါဖြစ်လျှင် ဆက်တိုက် မွတ်စ်လင်မ်ထံမှဝယ်သွားသည်ကိုမြင်နေမှထိုအခါ စားထိုက်၏။
( فتاوى شامى؛ ج٥ ـ ص٣٠١)
မတ်စ်အလဟ်။ ။ မသန့်သော အညစ်အကြေးတို့ကိုလှည့်လည်စားသောက်နေသော ကြက်ကို ၃ရက်မျှချည်ထားပြီးဆန်စပါးအသစ်ကိုကျွေး၍ နောက်မှ ဇဗဟ်ပြုရမည်။ ထိုသိုမပြုလျှင် မက်ရူးဟ် ဖြစ်သည်။
(درالمختار؛ ج٢ـ ص٢٣٦)