"ကြက်သွန်နီက ဘာကြောင့်ငိုခိုင်းသနည်း"

ကြက်သွန်နီသည် ဘယ်လိုလူမျိုးကိုမဆို မျက်ရည်ကျစေတတ်သည်။ ဘာကြောင့်လဲ။ အလွန်ကိုနည်းလမ်းကျသော ဖြေရှင်းချက်တစ်ခုပါ။ အခြေခံကျကျပြောရလျှင် ကျွန်ုပ်တို့မျက်လုံးနှင့် ကြက်သွန်နီအကြားတွင် သေးငယ်သောဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းကိုဖြစ်ပေါ်စေရန် ကြက်သွန်မှ အငွေ့ပျံ့မှုဖြစ်သောကြောင့်ဖြစ်သည်။

စားပွဲပေါ်တွင် ကြက်သွန်ကို ဒီအတိုင်းထားလျှင် ဘာမှမဖြစ်ပေမယ့် ကြက်သွန်ကိုလှီးလိုက်သောအခါ မှာ ပြောင်းလဲမှုတစ်ခုကို စတင်ကြုံတွေ့လာပါတော့သည်။ ကြက်သွန်ကိုလှီးနေသောအချိန်တွင် ၄င်း၏ ဆဲလ်တွေကွဲပျက်သွားခြင်းကြောင့် အမိုင်နိုအက်စစ်ဖြစ်သော(Amino acid) ဆာလ်ဖောအ်ဆိုဒ်တွေက (sulfoxides) ဆာလ်ဖိဒ်နစ်အက်စစ်တွေ (sulfenic acids)အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲမှုမှ ပရိုပန်နက်ထိရို အက်စ် အောက်ဆိုဒ်(propanethiol S-oxide)အငွေ့တွေကို ထုတ်လွှတ်သည်။ ထိုအငွေ့များသည်ပျံ့လွှင့်လာပြီး မျက်လုံးထဲကိုဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာ ဆာလ်ဖျူရစ်အက်စစ်ဒြပ်ပေါင်း(sulfuric acid compound)က မျက်လုံးကိုထိတွေ့ သည်။ နောက်ဆုံးရလဒ် ဆာလ်ဖျူရစ်အက်စစ်(sulfuric acid)ကြောင့် မျက်လုံးသည် ဆိုးဝါးစွာခံစားရမည်။ ထိုအခါ မျက်လုံးသည် ဆိုးရွာသောအက်စစ်ငွေ့များကို ပြန်လည်တိုက်ထုတ်ရန်နှင့် ဆေးကြောရန် တက်နိုင်သလောက် များစွာမျက်ရည်ကိုထုတ်သည်။

ထိုကဲ့သို့ ဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းသည် မျက်ရည်ကျခြင်းမှာ သဘာဝကျလှသည်။ ကြက်သွန်နီကြောင့် မျက်ရည်ကျရသည်မှာနှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ပြီ။ ထိုကြောင့် ကြက်သွန်နီကမလှီးခင် မျက်ရည်မကျချင်လျှင် စီးကျနေသောသောရေအောက်မှာလှီးလျှင်လှီး သို့တည်းမဟုတ်ပါက အန္တာရယ်ကင်း မျက်မှန်ဝတ်ပြီးလှီး (သို့မဟုတ်) ပီိကေ၀ါးပြီးလှီးပါက
ကောင်းမွန်လိမ့်မည်။

Post a Comment

Previous Post Next Post