cross

cross

Saturday, April 9, 2016

ငြိမ်းချမ်းရေးဗိသုကာကြီးမဟတ္တမဂန္ဓီရဲ့ မှတ်သားဖွယ်စကား(၁၀)ခွန်း

မဟတ္တမဂန္ဓီကိုတော့ လူတိုင်းသိကြပါတယ်။ သူ့ကိုလည်း အိန္ဒိယတစ်နိုင်ငံလုံးက ချစ်ကြသလို ကမ္ဘာတစ်လွှားမှာလည်းလေးစားချစ်ခင်သူတွေ အမြားအပြားရှိပါတယ်။ တကယ်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ပြောခဲ့တဲ့ စကားတိုင်းဟာလည်း ကျွန်တော်တို့ ဘဝအတွက် အထူးပဲတန်ဖိုး ရှိလှပါတယ်။ အောက်မှာတော့ သူရဲ့မှတ်သားဖွယ်ရာ စကား(၁၀)ခွန်းကိုဖော်ပြပေးလိုက်ပါတယ်။

1. ကမ္ဘာကြီးပေါ်မှာ သင်မြင်ချင်တဲ့အရာကို သင်ကိုယ်တိုင် ပြောင်းလဲရမယ်။
“You must be the change you wish to see in the world.”

2. လက်တွေ့လုပ်ဆောင်မှု တစ်အောင်စဟာ စကားပြောပွဲ(တရားပွဲ)တန်ချိန်ပေါင်းများစွာထက် တန်ဖိုးရှိပါတယ်။
(လက်တွေ့လုပ်ဆောင်မှုတစ်ခုဟာ စကားလုံးပေါင်းများစွာထက် တန်ဖိုးရှိပါတယ်။)
“An ounce of practice is worth more than tons of preaching.”

3. ကျွန်တော့်ဘ၀က ကျွန်တော့်ရဲ့ စာတိုလေးတစ်စောင်မျှသာ။
“My life is my message.”

4. ကိုယ့်ကိုယ်ကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းက အခြားသူတွေရဲ့ လုပ်ငန်းဆောင်တာထဲမှာ သင် ကျဆုံးတဲ့ အခါမှာ ဖြစ်ပါတယ်။
“The best way to find yourself is to lose yourself in the service of others.”

5. မနက်ဖြန် သေတော့မယ့်အတိုင်း နေထိုင်ပါ၊ ထာဝရ အသက်ရှင်ရမယ်ဆိုတဲ့ အတွေးနဲ့ သင်ယူပါ။
“Live as if you were to die tomorrow. Learn as if you were to live forever.”

6. ကျွန်တော်က ဦးကျိုးနှိမ်ချသူတစ်ယောက်ပါ၊ ဒါပေမယ့် အမှန်တရားကို ရှာဖွေဖို့အတွက် သိပ်ကို စိတ်အားထက်သန်သူ ဖြစ်တယ်။
“I am a humble but very earnest seeker after truth.”

7. ပထမ သူတို့က သင့်ကို မသိကျိုးကျွန်ပြုမယ်၊ နောက် သင့်ကို ကဲ့ရယ်မယ်၊ ပြီးရင် တိုက်ခိုက်ကြမယ်၊ နောက်တော့လည်း သင် သူတို့ကို အောင်မြင်သွားတာပါဘဲ။
“First they ignore you, then they laugh at you, then they fight you, then you win.”

8. မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို စတေးကြေးသာဆိုရင် ကမ္ဘာကြီးတစ်ခုလုံး စုံလုံးကန်းသွားမှာပေါ့။
“An eye for an eye only ends up making the whole world blind.”

9. ခွင့်မလွတ်နိုင်တာ မပြည့်ဝမှုပဲ၊ ခွင့်လွှတ်ခြင်းဆိုတာ ပြည့်ဝသူတွေရဲ့ အရည်အချင်းဖြစ်တယ်။
“The weak can never forgive. Forgiveness is the attribute of the strong.”

10. ငြင်သာတဲ့ နည်းလမ်းနဲ့လည်း ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်ပါတယ်။
“In a gentle way, you can shake the world.”

0 comments:

Post a Comment