cross

cross

Saturday, April 9, 2016

ကော်ဖီအစား ရေနွေးကြမ်း အစားထိုးသောက်သင့်သော အချက် (၈) ချက်

ရေနွေးကြမ်းဟာ တရုတ်နိုင်ငံမှ ကင်မဲလီယာမျိုးနွယ်ပင်မှ ရရှိပြီး တရုတ်လူမျိုးတို့က စတင်ခဲ့ပါတယ်။ နေ့စဉ်နှင့်အမျှ ရေနွေးကြမ်းသောက်သုံးသူ တိုးပွားလာသည်နှင့်အမျှ ရေနွေးကြမ်းသည် ကော်ဖီနှင့် လူကြိုက်များမှု ဆတူခန့်ပင် ဖြစ်လာပါသည်။

မနက်ခင်းမှာ ကော်ဖီအစား ရေနွေးကြမ်းကို အစားထိုးသောက်သုံးခြင်းဖြင့် အကျိုးထူးများစွာ ရရှိစေပါတယ်။ ဥပမာအားဖြင့် ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်စေပြီး အ၀လွန်သူများအတွက် ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ အောက်ဖော်ပြပါ အချက် (၈) ချက်ကတော့ မနက်ခင်းမှာ ကော်ဖီအစား ရေနွေးကြမ်းကို အစားထိုးသောက်သင့်တဲ့ အချက် (၈) ချက်ပဲ ဖြစ်ပါတယ်။

(၁) ဇီဝရုပ်ဖြစ်ပျတ်မှုကို တိုးတက်စေပါတယ်

ရေနွေးကြမ်းသောက်သုံးခြင်းဟာ ခန္ဒာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျတ်မှုကို တိုးတက်စေပါတယ်။ တဖန် အဆီလောင်ကျွမ်းဆေးအများစုဟာလည်း လက်ဖက်စိမ်းပါတယ်ဆိုတာ လေ့လာမှုအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်မယ်ဆိုရင်တော့ အဆီကို လျော့ချတယ်ဆိုတာ သတိထားပါ။

(၂) ရေနွေးကြမ်းသည် အဖျားရောဂါကို ကာကွယ်စေပြီး ဘက်တီးရီးယားကိုလည်း သေစေပါတယ်

မနက်ခင်းမှာ ကော်ဖီနံ့ကို မကြိုက်ဖူးလား။ အဲဒါဆို နေ့သစ်ကို ရေနွေးကြမ်းနဲ့ စတင်လိုက်ပါ။ ရေနွေးကြမ်းထဲက Catechins လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ လူ့ပါးစပ်ထဲမှာရှိတဲ့ စတရပ်ကိုးကပ်ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးရဲ့ ကြီးထွားနှုန်းကို ဟန့်တားပါတယ်။ ဒါတင် မကသေးပါဘူး။ နောက်ထပ်အားသာချက်က ရေနွေးကြမ်းထဲမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ဘက်တီးရီးယားပိုးမျိုးစုံကို သေစေတာကြောင့် တုတ်ကွေးရောဂါကို ကာကွယ်နိုင်ပါတယ်။



(၃) ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်

ယနေ့ခေတ်မှာ ကမ္ဘာတ၀ှမ်းမှာ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေသူ သန်း ၃၀၀ခန့်ရှိပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းကတော့ ဆီးချိုသွေးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ ရေနွေးကြမ်းဟာ အင်ဆူလင်ရဲ့ အာရုံခံမှုကို တိုးတက်စေပြီး သွေးချိုကို လျော့ကျစေပါတယ်ဆိုတာကို လေ့လာမှုအရ သိရပါတယ်။

(၄) ကင်ဆာရောဂါကို ကာကွယ်စေတယ်

ရေနွေးကြမ်း နေ့စဉ်သောက်သုံးတဲ့ အမျိုးသမီးဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၂၂ရာခိုင်နှုန်း လျော့ကျစေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ Antioxidants လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာဖြစ်ပွားမှုကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိပြီး ကင်ဆာဆဲလ်တိုးပွားမှုကို လျော့ကျစေသောကြောင့်ပင် ဖြစ်သည်။

(၅) အတိတ်မေ့ရောဂါဖြစ်တန်စွမ်း လျော့နည်းစေတယ်

ရေနွေးကြမ်းရဲ့ အစွမ်းက တကယ်ကို အံ့ကြနဘန်းဖြစ်ပါတယ်.။ ဆီးချိုသွေးချို၊ကင်ဆာရောဂါတို့ကို ကာကွယ်နိုင်ရုံမကဘဲ အဓိက အာရုံကြောအားနည်းမှုရောဂါနှစ်မျိုးဖြစ်သည့် ခြေလက်တုန်ရီခြင်းနှင့် အတိတ်မေ့ခြင်း ( သူငယ်ပြန်ခြင်း) ကိုလည်းပဲ ကာကွယ်နိုင်ပါတယ်။ Catechins လို့ခေါ်တဲ့ ရေနွေးကြမ်းထဲမှာပါတဲ့ ဓာတ်တစ်မျိုးက ဦးနှောက်အာရုံကြောတွေကို ပိုမိုအားကောင်းစေပါတယ်။



(၆) ရေနွေးကြမ်းဟာ လိင်စိတ်ကို ထကြွစေပါတယ်

သင်ဟာ အသက်အရွယ်ကြီးရင့်နေသော်လည်း လူငယ်လေးလို စွမ်းဆောင်လိုပါက ရေနွေးကြမ်းကို ကော်ဖီအစား သောက်လိုက်ပါ။ ရေနွေးကြမ်းထဲမှာပါတဲ့  L-theanine လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ယောက်ျား၊မိန်းမ တို့ရဲ့ သွေးလှည့်ပတ်မှုကိုမြန်စေပြီး လိင်စိတ်ကို ထကြွစေပါတယ်။ ကဲ . .  ဘိုးဘိုးဘွားဘွားတို့ မနက်တိုင်း ဘာလို့ရေနွေးကြမ်း ပုံမှန်သောက်နေတာ သိပြီမလား J

(၇) ဦးနှောက် စွမ်းဆောင်ရည် မြင့်မားစေတယ်

ရေနွေးကြမ်းဟာ ကော်ဖီလို စိတ်ဓာတ်လန်းဆန်ရုံသာမက ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်စေပါတယ်။  Newcaste တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တို့ရဲ့ အဆိုအရ ရေနွေးကြမ်းနေ့စဉ် သောက်သုံးပါက ဦးနှောက်ကြည်လင် လန်းဆန်းစေကာ ကျန်းမာပေါ့ပါးသွက်လက်စေပါတယ်။

(၈) ရေနွေးကြမ်းဟာ တက်ကြွလန်းဆန်းစေတယ်

ရေနွေးကြမ်းထဲမှာပါတဲ့  L-theanine လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ဦးနှောက်လုပ်ဆောင်မှုကို တက်ကြွအောင်လှုံ့ဆော်ပေးတာကြောင့် မင်းဟာ အကောင်းဆုံးစွမ်းရည်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ရေနွေးကြမ်းပုံမှန်သောက်သုံးတာကြောင့် မင်းဦးနှောက်ဟာ အာရုံစူးစိုက်မှုအားကောင်းစေပြီး အချက်အလက်များကို အချိန်ကြာမြင့်စွာ မှတ်သားနိုင်သောကြောင့် မင်းဟာ အစစအရာရာကို အဆင်ပြေနိုင်ပါတယ်။



ကဲ . . . ဒါဆို ရေနွေးကြမ်းသောက်ဖို့ စိတ်ဝင်စားသွားပြီး မိမိကိုယ်တိုင် ရေနွေးအိုးတည်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

ရေနွေးအိုးတည်ဖို့ အဓိကလိုအပ်တာတွေကတော့

(၁) ရေနွေးကြမ်းခွက်

(၂) လက်ဖက်ခြောက် တစ်ဇွန်း

(၃) ရေနွေးကြမ်း စစ်ခွက်

(၄) ရေနွေးအိုး

(၅) ရေ တို့ပါပဲ။

ဘယ်လို ရေနွေးတည်ရမလဲဆိုတော့ ပထမဆုံး လက်ဖက်ခြောက်ကို စစ်ခွက်ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် ရေကို ဆူအောင် ကျိုလိုက်ပြီး ခဏ အခြောက်ခံလိုက်ပါ။ ရေနွေးခွက်ရဲ့အပေါ်ကို လက်ဖက်ခြောက်စစ်ခွက်တည်ပေးပြီး အပေါ်က ရေနွေးလောင်းချလိုက်ပါ။ အနံ့အသက်ကောင်းမွန်စေရန်အတွက် စစ်ခွက်ကို ရေနွေးခွက်ရဲ့ အပေါ်မှာ ကြာကြာလေးဖိထားလိုက်ပါနော်။

ရေနွေးအိုးတည်နည်း မြန်မာရိုးရာအတိုင်းတည်နည်းကိုလည်း ဖော်ပြပါမယ်။ ဒါကတော့ ရေနွေးခရားထဲသို့ မိုးရေ ထည့်လိုက်ပါ။ ပြီင်္းရင် မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ အနံ့အသက်ကောင်းမွန်စေရန် ရေနွေးခရားအဖုံးကို ရေနွေးမဆူးသေးဘဲ ခဏခဏ ဖွင့်မကြည့်ရပါဘူး။ရေနွေးဆူသည်နှင့်တပြိုင်နက် လက်ဖက်ခြောက်ကို ထည့်လိုက်ပါ။ လက်ဖက်နံ့မွှေးမွှေးလေးနှင့် သောက်သုံးချင်ပါက လက်ဖက်အစိုကိုလည်း ထည့်နိုင်ပါတယ်။ ထို့နောက် ရေနွေှးဓာတ်ဘူးထဲသို့ လောင်းထည့်ပြီး အသင့်သောက်သုံးနိုင်ပါပြီ။ အရသာရှိရှိ သောက်ချင်ပါက ဆားအနည်းငယ်ထည့်ုပြီး သောက်နိုင်ပါတယ်။


0 comments:

Post a Comment