cross

cross

Saturday, April 9, 2016

ကြား၃ကြားမဟုတ်တဲ့ နောက်တစ် “ကြား”

ကြား၃ကြားမဝင်ကောင်းဘူးလို့  ရှေးလူကြီးတွေပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ် ခေတ်ကာလပြောင်းလဲလာတာနဲ့ အမျှတော့နောက်
တစ်ကြားပေါ်လာခဲ့ပါပြီ။ တန်းစီနေတဲ့သူတွေကြားထဲ ကြားဖြတ်ဝင်တာလည်း မကောင်းပါဘူး။ ကြားဖြတ်တာကို ဝါသနာအရမ်းပါတဲ့လူမျိုးတွေလည်းရှိသလို၊ ကြားဖြတ်လိုက်ရတာကို ဂုဏ်ယူနေတတ်တဲ့ သူတွေလည်း တွေ့ ဖူးမိကြမှာပါ။ ကိုယ့်ရှေ့မှာ ကြားဖြတ်ဝင်မျိုးကိုတော့ စာဖတ်သူတွေအားလုံးကြုံဖူးကြမှာပဲ မဟုတ်
လား။ ဒါဆိုဘယ်လိုနည်းနဲ့ ပြန်တုံ့ ပြန်မိမလဲ။

     အသာတကြည်နဲ့ ခွင့်ပြုလိုက်တယ်။

ပိုက်ဆံရှင်းတဲ့ ကောင်တာမှာ ကြားဖြတ်သူနဲ့  ကိုယ်နဲ့  နှစ်ဦးနှစ်
ယောက်ပဲရှိလို့ အသာတကြည်ခွင့်ပြုလိုက်တာက ပြဿနာမရှိပါဘူး။
နှစ်ဦးနှစ်ယောက်ပဲရှိလို့  နှစ်ဦးသဘောတူကျေနပ်လို့  ခွင့်ပြုရင် ကြားဖြတ်ချင်တဲ့သူက ကံကောင်းသွားတာပေါ့။ ဒါပေမယ့် အရမ်းအရေးကြီးတဲ့တစ်ချက်က ကိုယ့်နောက်မှာလည်း တန်းစီတဲ့သူတွေရှိနေသေးရင် ခွင့်လာတောင်းတဲ့သူကို အကြုံတစ်ခုပြုလိုက်ပါ။ အနောက်ကတန်းစီနေတဲ့သူတွေခွင့်ပြုရင် (ကိုယ်ကိုယ်တိုင်ကလည်း တကယ်ခွင့်ပြုရင်) အသာတကြည် ပိုက်ဆံအရင်ရှင်းခွင့်ပေးနိုင်ပါတယ်။

    ခွင့်မပြုချင်ရင် ခွင့်မပြုကြောင်းပြောတာ ကိုယ့်အပြစ်မဟုတ်ပါဘူး။

အလျှော့ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် တချို့ က အလျှော့ပေးလွန်းရင် ရောင့်တက်တတ်ကြတယ်။ ဒီကြားထဲ ကိုယ့်ဘက်ကမှန်နေလျက်သားနဲ့ အလျှော့မပေးမိပြန်ရင်လည်း တချို့ လူတွေရဲ့ အကြည့်တွေ၊ အပြောအဆိုတွေခံရဦးမယ်။ လူဖြစ်ရတာတော်တော်ခက်တယ်နော်! ဒီလို့ အကြည့်တွေ၊ အပြော အဆိုတွေကို လျစ်လျူရှုပြီး ကြားဖြတ်ဝင်တဲ့သူကို ကြားမဖြတ်သင့်တဲ့ အကြောင်း အတိုချုံးပြီး ရှင်းပြကြည့်ပါ။ ကြားဖြတ်သူက လက်မခံဘဲ အတင်းဇွတ်ကျော်တတ်သွားရင်တော့ ကောင်တာက (တာဝန်ကျသူ) Cashierကို “ကျွန်တော်/ကျွန်မက အရင်တန်းစီတဲ့သူပါ” ဆိုပြီး ပေါ်တင်ပြောလိုက်ပါ။

စနစ်တကျတန်းစီတတ်တာက နိုင်ငံကြီးသားပီသတဲ့လုပ်ရပ်တစ်ရပ်ပါ။ ပတ်ဝန်းကျင်မှာမြင်တွေ့ နေရတဲ့ အမြင်မတော်ကြားဖြတ်နေသူတွေကို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့ ၊ စနစ်တကျတန်းစီ တတ်ဖို့ 
တိုက်တွန်းပေးတာကလည်း ကြားဖြတ်သူတွေရဲ့ စိတ်ဓာတ်ရေးရာ
တွေကို ကောင်းမွန်အောင်မြှင့်တင်ပေးနေတာနဲ့ အတူတူပါပဲ။

0 comments:

Post a Comment