cross

cross

Saturday, April 9, 2016

" ၀န်ထမ်းတွေ အလုပ်ဘာကြောင့် နှုတ်ထွက်ကြသလဲ"

ဝန်ထမ်းများသည် အလုပ်မှ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်လေ့ရှိကြပါသည်။ ၀န်ထမ်းများ အလုပ်မှ နှုတ်ထွက်သွားတိုင်းလည်း သူဌေးတော်တော်များများသည် “ ဟိုတစ်ဖက်မှာ လစာပိုရလို့ အလုပ်ပြောင်းသွားကြတယ်၊ ဒီဝန်ထမ်း အလုပ်ပေါ်မှာ သစ္စာမရှိဘူး “ ဟု ကောက်ချက်ချလေ့ ရှိကြပါသည်။ လစာပိုကောင်းသော အခြားအလုပ်တစ်ခုကို ပြောင်းရွှေ့သွားကြခြင်းသည် လစာနည်းတဲ့ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းသည် သူ့လစာကို အင်တာဗျုးစဉ်ကပင် သဘောတူပြီး ဝင်ခဲ့ခြင်းဖြစ်သည်။ အခြားလစာများသော အလုပ်တစ်ခုကို ပြောင်းရွေှ့သွားခြင်းသည် အလုပ်နှင့် ပတ်ဝန်းကျင်ကို အနိုင်နဲ့နှုတ်ထွက်လိုခြင်း၊ သူတန်ဖိုးရှိကြောင်း ပြသလိုခြင်းသာ ဖြစ်ပါသည်။

၁။ တာဝန်နှင့်လုပ်အား မမျှခြင်း
ဝန်ထမ်း တာဝန်အများကြီး ယူနိုင်ပေမယ့် (အရင်အလုပ်မှာလည်း လုပ်ငန်းတစ်ခုလုံးနီးပါး သူတစ်ယောက်တည်း တာဝန်ခံပြီး လည်ပတ်ခဲ့တာ)  လက်ရှိ အလုပ်တွင်  အရင်အလုပ်၏ ၁၀ ရာနှုန်းတောင် လုပ်စရာမရှိဘူးဆိုလျင် ပျင်းရိငြီးငွေ့ပြီး ထွက်ကြခြင်းဖြစ်သည်။ နောက်တစ်မျိုးမှာ ဝန်ထမ်းတာဝန်ယူနိုင်တာက နည်းသော်လည်း လုပ်ရတာက အများကြီးဖြစ်နေလျင်လည်း Over Load ဖြစ်ပြီး ထွက်ခွာသွားတက်ပါတယ်။

၂။ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုဘူး။
ဝန်ထမ်းသည် တာဝန်ကို ဦးဆွေးဆံမြေ့ကြိုးစားသော်လည်း မန်နေဂျာသည် မိမိစွမ်းဆောင်ရည်ကို အသိအမှတ်မပြုဘဲ “ဖော်လံဖား” တွေကိုပဲ မျက်နှာပေးနေမည်ဆိုလျင် ဝန်ထမ်းကောင်းသည် လုပ်ချင်ကိုင်ချင်စိတ် (Motivation) လျော့ကျကာ အလုပ်ကိုပင် လက်ပြနှုတ်ဆက်ပါတော့သည်။ ဝန်ထမ်းတစ်ယောက် အလုပ်တွင် တည်မြဲခြင်းသည်ဆိုသည်မှာ မန်နေဂျာသည် ဝန်းထမ်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခြင်းအပေါ်မှာ မူတည်ပါသည်။

၃။ အရည်အချင်းမရှိသူကို နေရာပေး၊ရာထူးတိုးပေးတယ်။
မိမိကိုယ်ကို လုပ်ချင်ကိုင်ချင်စိတ်အပြည့်ဖြင့် ကြိုးစားသောဝန်ထမ်းများကို နေရာမပေးဘဲ အရည်အချင်းမရှိဘဲ “ရေလိုက်ငါးလိုက် ဖော်လံဖား” ပေါင်းသင်းနေသောဝန်ထမ်းများကို နေရာပေးခြင်း၊မျက်နှာသာပေးခြင်း၊ရာထူးတိုးခြင်း ပြုလုပ်လိုက်ပါလျင် ဝန်ထမ်းကောင်းများသည် အလုပ်ကို ကျောခိုင်းကြပါတော့သည်။

၎။ လုပ်ဖော်ကိုင်ဖက်များနှင့် သဟဇာတမဖြစ်ခြင်း
ဝန်ထမ်းသည် မိမိလုပ်ဖော်ကိုင်ဖက်များနှင့် မတည့်လျင်လည်း အလုပ်မှ ထွက်လေ့ရှိပါတယ်။ မိမိလုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးမှုမရှိ Team- Work မရှိဘဲ အချိန်ကြာကြာ လုပ်ကိုင်ရလျင် အထီးကျန်ဝေဒနာခံစားရပြီး အလုပ်ကို နှုတ်ထွက်ပါတော့သည်။


0 comments:

Post a Comment