cross

cross

Tuesday, April 12, 2016

ဖိသ်နဟ် ၇၂ မျိုး---

ဟုဇိုင်ဖဟ်(ရ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ ကေယာမသ်နီးကပ်လာလျှင် ၇၂ မျိုးသော လက္ခဏာများကြုံတွေ့ရမည်။
၁ လူတို့သည် နမာဇ်ကို ဖျက်ဆီးကြမည်။သဘောက နမာဇ်ကို မလေးစားတော့၊ဤစကားတွင် ဤအချိနိကာလတွင် အံ့အားသင့်ဖွယ်မဟုတ်တော့ပါ။ ယနေ့ခေတ်ရှိ မုစ်လင်မ်အများစုသည် နမာဇ်းကို မလေးစားကြတော့ပေ။သို့သော် တမန်တော်မြတ်(ဆွ)က ဤမိန့်ကြားချက်ကို နမာဇ်းသည် အီမာန်နှင့် ကုဖစ်ရ်ကြားတွင် ခြားနားသောတံတိုင်းဖြစ်သည်ဟု သတ်မှတ်ထားချိန်မှာ မိနိ့ကြားခဲ့ခြင်း ဖြစ်ပါသည်။ ထိုခေတ်က အဘယ်မျှဆိုးသွမ်းသော ဖါဂျိရ်ဖါစစ်က်မုအ်မင်ဖြစ်ပါစေ နမာဇ်ကိုလက်မလွှတ်ကြပါ။ ထိုခေတ်ထိုအခြေအနေမှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိခဲ့သည်။ လူတို့သည် နမာဇ်ကို ဖျက်ဆီးကြမည်။
၂ အမာနသ်ပစ္စည်းများကို ဆုံးရှုံးစေမည်။ မိမိထံအပ်နှံထားသောပစ္စည်းကို ခေယာနသ်(အလွှဲသုံးစား) လုပ်မည်။
၃ အတိုးစားကြမည်။
၎ မုသားကို ဟလာလ်(လုပ်ပိုင်ခွင့်ရှိသောအရာ) အဖြစ်မှတ်ယူကြမည်။သဘောမှာ မုသားပြောခြင်းကို အတတ်ပညာတစ်ခုဟူ၍ မှတ်ယူကြမည်။
၅ သာမန်ကိစ္စရပ်များအပေါ် သွေးထွက်သံယို ခိုက်ရန်ဖြစ်မည်။ အသေးအမွှားကိစ္စလေးများအပေါ် တခြားသူကို သတ်ဖြတ်ကြမည်။
၆ မြင့်မားသောအဆောက်အအုံများဆောက်လုပ်ကြမည်။
၇ သာသနာကိုရောင်း၍ လောကီပစ္စည်းစုဆောင်းမည်။
၈ ဆွေးမျိုးဖြတ်ခြင်း၊ဆွေမျိုးများနှင့် ရိုင်းဆိုင်းစွာဆက်ဆံမည်။
၉ တရားမျှတမှုရှားပါးသွားမည်။
၁၀ မုသားသည် အမှန်ကဲ့သို့ဖြစ်သွားမည်။
၁၁ ပိုးချည်များကို ဝတ်ဆင်ကြမည်။
၁၂ မတရားမှု များပြားလာမည်။
၁၃ တွလာက်း(လင်မယားပြတ်စဲမှု) များပြားလာမည်။
၁၄ ရုတ်တရက် သေဆုံးမှုပေါများလာမည်။ အစတည်းကကြိုမသိရသောသေဆုံးမှု့ပေါများလာမည်။ ရုတ်တရက် မည်သူမည်ဝါသည် အကောင်းပကတိရှိနေလျက် ယခုသေဆုံးသွားပြီဟု သိရှိရမည်။
၁၅ ခေယာနသ် ထိန်ချန်သူကို သမာဓိရှိသူဟု မှတ်ယူကြမည်။
၁၆ သစ္စာသမာဓိရှိသူကို အလွှဲသုံးစားပြုသူဟု မှတ်ယူကြမည်။
၁၇ လိမ်ညာသူ မမှန်ကန်သူကို မှန်ကန်သူဟု မှတ်ယူကြမည်။
၁၈ မှန်ကန်သူကို လူလိမ်လူညာဟု မှတ်ယူကြမည်။
၁၉ မတရားစွပ်စွဲမှု့များပြားလာမည်။ သဘောမှာ လူတို့သည် တစ်ဦးကို တစ်ဦးစွပ်စွဲမှု့ပြုကြမည်။
၂၀ မိုးရွာသွန်းပါလျက် ပူအိုက်မည်။
၂၁ လူတို့သည် သားသမီးရလိုသည့် ဆန္ဒအစား သားသမီးကို ရွံမုန်းမည်။ လူတို့သည် သားသမီးရရှိရန် ဒိုအာတောင်းကြမည့်အစား သားသမီးမရရှိစေရန် ဒုအာတောင်းကြမည်။ ယနေ့ခေတ်ကို ကြည့်ကြစမ်းပါ။ မိသားစုကန့်သတ်ရေး စီမံကိန်းများ လုပ်နေကြသည်။ သားသမီးနှစ်ယောက်သာကောင်းသည် အစရှိသဖြင့်ကြွေးကျော် ပိတ်ပင်တားမြစ်နေကြသည်။
၂၂ ယူတ်မာသူများ ထည်ဝါစွာနေထိုင်ကြမည်။သဘောမှာ ယုတ်မာဆိုးသွမ်းသူတို့သည် ကြီးကျယ်သောစည်းစိမ်နှင့်တကွ နေထိုင်ကြမည်။
၂၃ ဂုဏ်သရေရှိသူများ စိတ်ညစ်လာကြမည်။ ဂုဏ်သရေရှိသူများ ဂုဏ်သိက္ခာကို စွဲကိုင်၍နေထိုင်ပါက လောကနှင့် အဆက်ပြတ်သွားမည်။
၂၄ ခေါင်းဆောင်များ လူကြီးများတို့သည် မုသားပြောသောအကျင့်ရှိသူများဖြစ်ကြမည်။
၂၅ သစ္စာသမာဓိရှိသူသည် အလွှဲသုံးစားလုပ်လာမည်။
၂၆ ခေါင်းဆောင်တို့သည် မတရားပြုသူများဖြစ်လာကြမည်။
၂၇ အာလင်မ်နှင့် ကာရီတို့သည် အကျင့်ဆိုးသူများဖြစ်လာကြမည်။ သဘောက အာလင်မ်ဖြစ်ပြီး ကုရ်အာန်သေလာဝသ်ပြုသူဖြစ်ပါလျက် အကျင့်မကောင်းသူများဖြစ်ကြမည်။
၂၈ လူတို့သည် တိရိစ္ဆာန်တို့၏ သားရေနှင့် လုပ်ထားသော အဝတ်အစားကို ဝတ်ဆင်ကြမည်။
၂၉ ထိုသူတို့၏ စိတ်ဓာတ်သည် အသေကောင်ထက်ပင် ပို၍နံဆော်သူဖြစ်မည်။ သဘောမှာ လူတို့သည် သားရေနှင့်လုပ်ထားသော အဆင့်မြင့်အဝတ်အစားများကို ဝတ်ဆင်ကြမည်။ သို့ရာတွင် ၄င်းတို့၏ စိတ်ဓာတ်သည် အသေကောင်ထက်ပင် ပို၍နံဆော်လိမ့်မည်။
၃၀ တစောင်းလက်ပတ်ထက် ခါးသီးမည်။
၃၁ ရွှေများပေါများသွားမည်။
၃၂ ငွေ၏လိုလားချက်ပိုလာမည်။
၃၃ ပြစ်မှုဂိုနဟ်များလာမည်။
၃၄ ငြိမ်းချမ်းမှု့ဘေးကင်းလုံခြုံမှု့လျော့နည်းလာမည်။
၃၅ ကျမ်းတော်မြတ် ကုရ်အာန်စာစောင်များကို အမျိုးမျိုးခြယ်သလာကြမည်။
၃၆ ပလီများတွင် ပန်းချီပန်းခက်များ ပြုလုပ်လာကြမည်။
၃၇ မြင့်မားသောမျှော်စင်များ(အဇာန်ဆိုချိနိ) ဆောက်လာကြမည်။
၃၈ လူတို့၏စိတ်များ ခမ်းခြောက်နေမည်။
၃၉ အရက်သေစာများ သောက်သုံးလာကြမည်။
၄၀ တရားတော်အရ အပြစ်ပေးမှု့များကို ရပ်ဆိုင်းပစ်ကြမည်။
၄၁ ကျွန်မက မိမိသခင်ကို မွေးဖွားမည်။
၄၂ ဝတ်လစ်စလစ်ဖြစ်နေသူများ၊ဖိနပ်မစီးနိုင်သူများ၊ မယဉ်ကျေးသူများ ဘုရင်ဖြစ်လာကြမည်။ယုတ်မာဆိုးသွမ်းသူများ၊ဇာတ်နိမ့်သူများ၊ မျိုးနွယ်အားဖြင့်၎င်း၊ကိုယ်ကျင့်တရားအားဖြင့်၎င်း နိမ့်ကျယုတ်မာသူများသည် ခေါင်းဆောင်ဖြစ်လာကြ၍ အုပ်ချုပ်သူများဖြစ်လာကြမည်။
၄၃ အရောင်းအဝယ်တွင် အမျိုးသမီးတို့သည် အမျိုးသားများနှင့်အတူ ပါဝင်ရောင်းဝယ်လာကြမည်။ ယနေ့ဖြစ်ပျက်နေသည့်အတိုင်းပင်ဖြစ်သည်။ အမျိုးသမီးတို့သည် ယနေ့ကဏ္ဌတိုင်းတွင် အမျိုးသားတို့နှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးစားနေကြသည်။
၄၄ အမျိုးသားတို့သည် အမျိုးသမီးတို့၏ ပုံစံ အတုခိုးလာကြမည်။
၄၅ အမျိုးသမီးတို့က အမျိုးသားတို့၏ပုံစံ အတုခိုးလာကြမည်။ သဘောက အမျိုးသားတို့က အမျိုးသမီးတို့၏ ဝတ်စားပုံအတိုင်း အမျိုးသမီးတို့က အမျိုးသားတို့၏ ဝတ်စားပုံအတိုင်း အတုခိုးလာကြမည်။ ယနေ့ခေတ်သစ်ဖက်ရှင်က အဝေးမှ လှမ်းကြည့်လျင် အမျိုးသားလား အမျိုးသမီးလား ခွဲခြားရန်ခက်တော့သည်။
၄၆ ဂိုင်ရွလ္လာဟ်(အလ္လာဟ်အရှင်မြတ်မှအပ) ကစမ်ကျိန်ဆိုကြမည်။ အမှန်မှာ ကစမ်သည် အလ္လာဟ်အရှင့်နာမတော်၊ အလ္လာဟ်အရှင့်ဂုဏ်တော်၊ ကုရ်အာန်၏ကစမ်ကိုသာ ကျိန်ခွင့်ရှိသည်။ တခြားအရာများ၏ ကစမ်ကျိန်ဆိုခြင်း ဟရာမ်ဖြစ်သည်။ သို့သော် လူတို့သည် ထိုသို့သောအချိန်အခါတွင် လူတို့သည် တခြားအရာများ၏ ကစမ်ကို ကျိန်ဆိုကြမည်။
၄၇ မုစ်လင်မ်တို့လည်း မခေါ်မပြောဘဲ နှင့် မုသားသက်သေလိုက်ရန် အသင့်ဖြစ်ကြမည်။
၄၈ သိကျွမ်းသူများကိုသာ စလာမ်ဆိုကြမည်။သဘောက လမ်းတွင် ဖြတ်သွားနေရင်း မသိကျွမ်းသူဖြစ်ပါက စလာမ်ဆိုမည်မဟုတ်ပါ။ သိကျွမ်းသူဖြစ်ပါက စလာမ်ဆိုမည်။အမှန်မှာ တမန်တော်မြတ်(ဆွ) အမိန့်ရှိခဲ့သည်။ အသင်သိသူ မသိသူအားလုံးကို စလာမ်ဆိုသင့်ပါသည်။ သို့သော် ဖြတ်သန်းသွားလာနေသူများ အလွန်များပြားပါက စလာမ်ပေးနေရသည့်အတွက် မိမိလုပ်ငန်းတွင် ထိခိုက်မှု့ရှိလာနိုင်ပါက စလာမ်မပေးလျင်လည်း အခွင့်ရှိနေပေသည်။ သို့ရာတွင် တယောက်နှစ်ယောက်သွားလာနေသောအခါမျိုးမှာပင် စလာမ်မပေးသော အချိနိအခါမျိုးရောက်ရှိလာမည်။ စလာမ်ပေးသော အစဉ်ဓလေ့ကုန်ဆုံးသွားမည်။
၄၉ ဒိန်းမဟုတ်သောကိစ္စရပ်များအတွက် အိလိမ်ပညာသင်ယူကြမည်။ အလိုသဘောမှာ သာသနာ့ပညာကို ဒီန်းအတွက်သင်ယူကြမည်မဟုတ်။ လောကီအတွက် သင်ယူကြမည်။ ထိုပညာဖြင့် ဒီဂရီ ရရှိရန်၊အလုပ်ရှိရန် ငွေကြေးရရှိရန် ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုရရှိရန် ရည်ရွယ်၍ သင်ယူကြမည်။
၅၀ အာခေရသ်အလုပ်ကိုလုပ်၍ လောကီ ရှာဖွေကြမည်။
၅၁ သုံ့ပန်းပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်မှတ်ယူကြမည်။ ဤနေရာတွင် သုံ့ပန်းပစ္စည်းဆိုတာ အမျိုးသားပိုင်ငွေကြေးဓနကို ဆိုလိုသည်။ အမျိုးသားပိုင်ငွေကြေးဓနကို
ကိုယ်ပိုင်ငွေကြေးအဖြစ် မှတ်ယူလာကြမည်။
၅၃ ဇကာသ်းငွေကို ဒဏ်ကြေးဟု မှတ်ယူကြမည်။
၅၄ အနိမ့်ကျဆုံးသောသူသည် အမျိုးသားခေါင်းဆောင်ရှေ့ဆောင် အဖြစ်မှတ်ယူလာကြမည်။
၅၅ မိမိဖခင်၏စကားကို မနာခံသူဖြစ်လာကြမည်။
၅၆ အဆိုတော်များကို လေးစားဂုဏ်ပေးလာကြမည်။အဆိုတော်အလုပ်လုပ်သူမများကို လေးစားဂုဏ်ပေးလာကြမည်။ မြင့်မားသောအဆင့်များ ပေးလာကြမည်။
၅၇ မိတ်ဆွေကို ထိခိုက်နစ်နာအောင်ပြုခြင်းမှ ရှောင်ရှားမည် မဟုတ်ပါ။
၅၈ ဇနီးသည်၏ စကားကို နာခံလာမည်။
၅၉ လူဆိုးအကျင့်ဆိုးသူတို့၏အသံများ ပလီတွင်ဆူညံလာမည်။
၆၀ ပုလိပ်များပေါများလာမည်။
၆၁ သီဆိုသောတူရိယာ မြူးဇစ်များကို ထိန်းသိမ်းလာကြမည်။
၆၂ လမ်းထိပ်များပေါ်တွင် အရက်များသောက်လာကြမည်။
၆၃ မတရားမှု့ကို ဂုဏ်ရှိသည်ဟု မှတ်ယူလာကြမည်။
၆၄ တရားမျှတမှု့ကို ရောင်းစားခံရမည်။ တရားရုံးများတွင် တရားမျှတမှုကို ရောင်းစားကြမည်။ လူတို့သည် ငွေပေး၍တရားမျှတမှု့ကို ဝယ်ကြမည်။
၆၅ မိမိဖခင်နှင့် ရိုင်းစိုင်းစွာဆက်ဆံမည်။
၆၆ ကုရ်အာန်ကို သီချင်းဆိုမည့်ကိရိယာအဖြစ် ပြုလုပ်လာကြမည်။ သဘောမှာ တူရိယာမြူးဇစ်အစား ကုရ်အာန်ကို ငြိမ့်ငြောင်းသော အရသာ ရရှိခံစားရရန် သေလာဝသ်လုပ်ကြမည်။ ကုရ်အာန်၏ဖိတ်ခ်ါသံ ကုရ်အာန်ကို နားလည်သဘောပေါက်ရန် ကုရ်အာန်ကိုအကျိုးစဝါဗ်းရရှိရန်အတွက် သေလာဝသ် လုပ်ကြမည်မဟုတ်ချေ။
၆၇ သားရဲတိရိစ္ဆာန်တို့၏ သားရေများကို အသုံးပြုလာကြမည်။
၆၈ အွမ္မသ်၏နောက်ပေါက်တို့သည် ရှေးလူများအပေါ် ပြစ်တင်ဝေဖန်လာကြမည်။ ရှေးသူတော်ဇင်တို့ကို အပြစ်ပြောလာကြမည်။ ၄င်းတို့အပေါ် အယုံထားကြမည်မဟုတ်ချေ။ ဝေဖန်ပြစ်တင်၍ပြောဆိုကြမည်မှာ ၄င်းတို့သည် ဤအချက်ကိုမှားယွင်းစွာပြောဆိုခဲ့ကြသည်။ ဤသို့မှားယွင်းသောလမ်းကို ရွေးချယ်ခဲ့ကြသည်။ သို့ရှိရာ လူအတော်များများသည် ဆွဟာဗဟ်(ရ) တို့နှင့်ပက်သက်ပြီး မရိုမသေပြောင်လှောင်သရော်လာကြသည်။ များစွာသောသူတို့သည် ရှေးသာသနာ့အေမာမ်ရှေ့ဆောင်တို့နှင့်ပက်သက်၍ ပြောင်လှောင်သရော်နေကြသည်။ စင်စစ်သာသနာသည် ထိုသူတော်စဉ်တို့မှတဆင့် ကျွန်ုပ်တို့ထံရောက်လာခြင်းဖြစ်သည်။ နောက်လူတို့က ၄င်းတို့အား အသိဥာဏ်မရှိသူများဟု ပြောနေကြသည်။ ထိုသူတော်စဉ်တို့သည် ငါတို့ယနေ့ဒီန်းသာသနာကို မှန်ကန်စွာသဘောပေါက်ကြသလို ၄င်းတို့သဘောမပေါက်ကြဟု ဝေဘန်နေကြသည်။
၆၉ အသင်တို့အပေါ် ထိုအချိန်ကျရောက်လာလျှင် အလ္လာဟ့်ဘက်တော်မှ မုန်တိုင်းနီကျရောက်လာမည်။
၇၀ မြေငလျှင်များလှုပ်လာမည်။
၇၁ လူတို့၏ ရုပ်မျက်နှာများ ပြောင်းသွားမည်။
၇၂ မိုးကောင်းကင်မှ ခဲမိုးများရွာချလာမည်။ သို့မဟုတ် အလ္လာဟ့်ဘက်တော်မှ အခြားအဇာဗ်းများကျရောက်လာမည်။
ယခုဖော်ပြပါလက္ခဏာများကို အနည်းငယ်စဉ်းစားကြည့်ကြစမ်းပါ။ ဤလက္ခဏာများသည် တစ်ခုချင်း မည်သို့မည်ပုံ ကျွန်ုပ်တို့၏ လူ့အသိုင်းအဝန်းအတွင်း ကျရောက်နေသနည်း။ ယခုကျွန်ုပ်တို့အပေါ် အဇာဗ်းများကျရောက်နေသည်။ ထိုအဇာဗ်းများမှာ စင်စစ် ကျွန်ုပ်တို့၏ မကောင်းသော အမလ်များ၏ရလဒ်ဖြစ်ပေသည်။
((အစ္စလာမီခွသ်ဗာသ်း အတွဲ ၇ စာ ၂၁၄ ) (ဒွရ်ရေမန်ဆူးရ် စာ ၅၂ အတွဲ ၆))
ဤအရာများသည် ဖတ်ရုံသတ်သတ်သာမဟုတ်ပဲ မိမိတတ်နိုင်သည့်ဘက်မှ အချို့သောအရာများအား တားမြစ်နိုင်လျင် တားမြစ်ရန်၊ ပြုပြင်နိုင်လျင်ပြုပြင်ရန်၊ မိမိတို့နှင့် ထိစပ်နေသည့်အရာများ အား ပြင်ဆင်ရန် ကျွန်ုပ်ကူးယူတင်ပြခြင်းသာဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်းဖတ်ပါ။
အိမ်သူအိမ်သာများအားလည်းဖတ်ပြကြပါ။
ကိယာမသ်အလွန်နီးကပ်နေပါပြီ။
သောင်ဗဟ်တခါးမပိတ်ခင် မိမိကိုယ်ကို အမြန်ဆုံးပြုပြင်ကြပါ။
ကိယာမသ်အကြောင်းအမြဲတစေပြောနေပါ။
မသိနားမလည်သူများ တတ်သိသောအာလင်မ်နှင့် အာဝမ်များထံချဉ်းကပ်ကြပါ။ နီးစပ်ရာစာအုပ်စာပေများအားလည်းဝယ်ယူဖတ်ကြပါ။
ကျွန်ုပ်တင်ပြသော အချက်များနှင့်သာမလုံလောက်သေးပါ။ အသင်တို့ ရေမွှေးရောင်းသူနှင့်ပေါင်းလျှင် ရေမွှေးအနံ့ရနိုင်သည်။
လောကီကို ခင်တွယ်သူနှင့်ပေါင်းလျင် လောကီကိုသာ မက်မောတတ်မည်။ ကောင်းသည့်အလုပ်ဟူသည် အချိန်မဆိုင်းသင့်ပေ။ ကျွန်ုပ်တင်ပြသည့်အချက်များနှင့်သာ မလုံလောက်ပါ။
သောကထား၍ တင်ပြခြင်းသာဖြစ်ပါသည်။
ယာအလ္လာဟ်ကျွန်တော်မျိုး၏ လုပ်ရပ်များအားပြစားမှု့မှ ကင်းဝေးစေတော်မူပါ။
အီမာန်ရှင်များအား ဒွန္နယာ အာခိရသ် နှစ်ဋ္ဌာနလုံးတွင် သက်ဒီရ်းကောင်းသူများ ဖြစ်စေတော်မူပါ။

အလ္လာဟ်ရစူလ်ကျေနပ်နှစ်သက်သူများ ဖြစ်စေတော်မူပါ။

0 comments:

Post a Comment