cross

cross

Monday, January 11, 2016

သိမှတ်ဖွယ်ရာ အတိုအထွာလေးများ

၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...

၂) အင်းဆက်ပိုးကောင်တွေကို
ဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...

၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...

၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...

၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်...

၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်...

၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်...

၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်...

၁၁) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်...

၁၂) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်...

၁၃) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်...

၁၄) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်...

၁၅) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်...

၁၆) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်...

၁၇) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်...

၁၈) ဧဝရတ်တောင်ထိပ်မှာ သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိပါတယ်...

၁၉) ကမ္ဘာ့နာနတ်သီးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ဟာဝိုင်အီကျွန်းက ထုတ်လုပ်ပါတယ်...

၂၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး...

၂၁) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်.

၂၂) သင့်ခန္တာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္တာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က 60 စက္ကန့်သာ ကြာမြင့်ပါတယ်

၂၃) လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း 350 ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ 206 ချောင်းပဲ ရှိပါတော့တယ်

၂၄) အိမ်မက်မက်လေ IQ ပိုမြင့်လေပါပဲတဲ့

၂၅) မျက်နှာပေါ်ပေါက်တဲ့အမွှေးက သင့်ခန္ဓာကိုယ်ကျန်တဲ့ဘယ်နေရာမဆိုပေါက်တဲ့အမွှေးထက် ပိုပြီး ရှည်တာမြန်ပါတယ်

၂၆) လက်ခလယ်ကလက်သည်းရဲ့ရှည်ထွက်မှုက ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပြီးတော့ လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက် လေးဆ ပိုပါတယ်
( လက်သည်းလေးခါညှပ်ပြီးတဲ့အချိန်မှ ခြေသည်းတခါညှပ် ရပါတယ် )

၂၇) သင့်အစာအိမ်ထဲက အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ

၂၈) မိန်းမတွေဟာ ယောင်္ကျားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်

၂၉) ယောင်္ကျားတွေမှာ မိန်းမတွေထက် အဆီကိုပိုမိုမြန်မြန်လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို ကယ်လိုရီ 50 ပါတဲ့

၃၀) ယောင်္ကျားတွေက မိန်းမတွေထက်ပိုပြီး  မကြာခဏကြို့ထိုးတတ်ပါတယ်

၃၁) ယောင်္ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5 လီတာသာ ရှိပါတယ်

၃၂) သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀)တိုင်အောင် ရှင်သန်နေနိုင်ကြပါသတဲ့။

၃၃) လူတစ်ဦးရဲ့ နှလုံးခုန်နှုန်းဟာ တစ်နေ့ကို အကြိမ်ရေ(၁) သိန်းနဲ့ အထက်ရှိပါသတဲ့။

၃၄) ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူးတဲ့။

၃၅) နို့တိုက်သတ္တ၀ါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါ။

0 comments:

Post a Comment