cross

cross

Monday, January 11, 2016

ဝါးပင်စိုက်ပျိုးနည်း

ဝါးစိုက်နည်းလေး တစ်ခုကိုသဘော
ကျလို့ ဝါသနာပါတဲ့သူတွေရော စမ်းသပ်ချင်တဲ့
သူတွေအတွက်ပါ တင်ပေးလိုက်ပါတယ် အထူး
သဖြင့်တော့ ခြံအကျယ်ကြီးတွေရှိတဲ့သူတွေအတွက်တော့ပိုပြီအဆင်ပြေမှာပါ စိတ်ပါရင်
စီးပွားဖြစ်စိုက်ပျိုးနိုင်သလို အလှအတွက်ပါစိုက်ပျိုးနိုင်ပါတယ်။

ကျွန်တော်တို့ တရုတ်သိုင်းကားတွေ
ထဲမှာမြင်မြင်ဘူးနေကျအတိုင်းပါပဲ
ဝါးပင်တွေဟာ တစ်ပင်ချင်း တစ်လုံးချင်း
ဖယောင်းတိုင်လေးတွေထောင်ထားသလိုစီစီရီရီလှလှပပပေါက်လာအောင်
စိုက်ပျိုးနည်းပါပဲ ပုံနဲ့တွဲကြည့်ရင် ပိုပြီး
လွယ်ပါလိမ့်မယ် ကြံပင်များစိုက်သလို
စိုက်နည်းလေးပါ ဝါးအမျိုးအစားပေါ်မှု
တည်ပြီးတစ်ပင်နဲ့တစ်ပင်အကွာအဝေး
ကို သက်မှတ်ပေးရပါမယ် ဝါးရုံမှမနုလွန်း
မရင့်လွန်းသော ဝါးကိုရွေးချယ် ခုတ်ယူ
ရပါမယ် အပေါ်ဘက်မှ တစ်ဆစ်လျှင်
တစ်ပေါက်နှုန်း အဆစ်နှစ်ခုကြားကို
လွန် သို့မဟုတ် ဓါးထက်ထက်ဖြင့်ဖောက်ပေးပါ ဝါးမျက်ခုံးလေးများကို ဘေးတစ်ဖက်တစ်ချက်စီ တွင်ရှိစေရန်
အထူးဂရုစိုက်ပြီး မြေမှာချရပါမယ် အပေါက်များအတွင်းသို့ ရေအပြည့်ဖြည့်
ပြီး ရွှံ့သို့မဟုတ်သင့်တော်ရာတစ်ခုခု
ဖြင့်ပိတ်ပါ စိုက်မြောင်းထဲသို့ ချသောအခါအပေါက်ပါသောဘက်ကို
အပေါ်သိုထား၍ မြေပြန်ဖို့ ပေးရပါမယ် စိုက်မြောင်
သည်အရမ်းနက်စရာမလိုပါ။မြေမြုပ်ပြီးဝါး အပေါ်မြေသား ၆လက်မရှိလျှင်လုံလောက်ပါသည် ဝါးကြီးမျိုးဖြစ်လျှင် ၁၀လက်မခန့်မြုပ်လျှင်သင့်ပါသည်။

တစ်လအကြာတွင်ဝါးပင်ပေါက်လေးများ
ကြံပင်ပေါက်များကဲ့သို့အစီအရီထွက်လာပါမည် ပေါင်းပင်များရှင်းလင်းပေးရပါမည်။
အသုံးပြုနိုင်သောဝါးအဆင့်ရောက်ရန်
၃ နှစ်ကြာပါသည် နွေရာသီတွင်မီးတားများပြုလုပ်ပေးရမည်ဖြစ်ပြီး မီးဘေးကာကွယ်ရေးအစီအမံများထားရှိ
ရပါမည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်စိုက်လိုပါက မိုးတွင်းစိုက်လျှင်
ပိုမိုအဆင်ပြေကြောင်းအကြံပြုအပ်ပါသည်။မသိသေးသူများအတွက်တော့
အသစ်သာဖြစ်ပါသည်။

်Credit ~ မိုးမခ
မူရင်းlink https://m.facebook.com/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81-807784945933940/


0 comments:

Post a Comment