cross

cross

Monday, January 11, 2016

အမှန်တရား(၁)

စာမေးပွဲခန်းထဲရောက်ရင်
ဘာစာမှမရဘဲ ခိုးကူးမယ်ဆိုတဲ့သူက ချောင်ကျကျနေရာတွေထိုင်ရတက်တယ်
မှန်မှန်ကန်ကန်ဖြေတဲ့သူတွေက ဆရာမတွေအမြဲဖြတ်လျှောက်တက်တဲ့နေရာတွေမှာ ထိုင်ရတက်ပြီး မယုံသင်္ကာနဲ့အမြဲစစ်ဆေးခံနေရတယ်။

သူတစ်ပါးအသက် သတ်ပြီး မကောင်းမှုနဲ့အသက်မွေးတဲ့သူတွေက ကံကောင်း ချမ်းသာပြည့်စုံနေတက်ပြီး
သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်တဲ့သူတွေကျတော့
ကံမကောင်းအကြောင်းမလှ ဆင်းရဲနေတက်တယ်။

နေရာတစ်ကာ ဖျံကျပြီး မျက်နှာခပ်ပြောင်ပြောင်လူတွေကျတော့ နေရာကောင်းတွေရတက်ပြီး
သိက္ခာရှိရှိ ဖြောင့်မှန်တဲ့သူတွေကျတော့
မသိကျိုးကျွံပြု ချောင် ထိုးထားခံနေရတက်တယ်။

ဆိုးမိုက်တဲ့ သားသမီးတွေ ကျတော့
အလိုလိုက်လွန်းတဲ့ မိဘတွေပိုင်ဆိုင်နေတက်ပြီး
သိတက် လိမ္မာတဲ့ သားသမီးတွေကျတော့
စည်းကမ်းကြီးပြီး အာဏာပြနေတဲ့ မိဘတွေကို ပိုင်ဆိုင်နေရတက်တယ်။

ကြိုးစားသင်ယူချင်စိတ် ထက်သန်နေသူတွေကျတော့
ရိုက်စား ဆရာဆိုးတွေနဲ့တွေ့နေရတက်ပြီး
ပျင်းရိနေတဲ့ တပည့်မျိုးကျတော့
စိတ်ကောင်းစေတနာကောင်း ဆရာတွေနဲ့
တွေ့နေရတက်တယ်။

တစ်ခါလောက်ဘဲဖြစ်ဖြစ်
ကူညီပေးတဲ့သူတွေကိုကျတော့ မိတ်ဆွေကောင်း လို့သက်မှတ်ကြပြီး
အမြဲတမ်းကူညီလာခဲ့ပြီး တစ်ခါလေးပျက်ကွက်မိတာနဲ့တင် မိတ်ဆွေကောင်းမဟုတ်ဘူး လို့ အပြစ်တင်ခံနေရတက်တယ်။

ဖြတ်လမ်းနည်းနဲ့ မမှန်မကန်လုပ်ပြီး
အောင်မြင်လာတဲ့သူတွေကျတော့
လူတော်စာရင်း သွင်းခံနေရတယ်
မှန်မှန်ကန်ကန်ကြိုးစားပြီး
မထင်မှတ်ဘဲ ကျရှုံးတဲ့သူတွေကိုတော့
လူညံ့စာရင်းသွင်းတက်ကြတယ်။

ဟန်ဆောင်နေတက်တဲ့သူတွေတော့
သိက္ခာရှိတဲ့သူ စာရင်းသွင်းခံနေရတက်ပြီး
ပွင့်လင်း ရိုးသားတဲ့သူတွေကျတော့
လူအ,စာရင်းသွင်းခံနေရတက်တယ်။

ပွေရှုပ်တက်တဲ့သူတွေကျတော့
ချစ်ခင်နှစ်သက်သူ ဝိုင်းနေတက်ပြီး
တစ်ယောက်ထဲကိုဘဲ သစ္စာရှိရှိ ချစ်နေတဲ့သူတွေကျတော့
စွန့်ပစ် လှည့်စား အသဲခွဲခံနေရတက်တယ်။

အရာအားလုံးက ကျွန်တော်တို့ထင်ထားသလောက်
တရားမျှတမှုတော့ မရှိပါ။


0 comments:

Post a Comment