cross

cross

Monday, December 7, 2015

အစ္စလာမ်နဲ့ ဘာသာခြားလက်ထပ်ခွင့်

မေး။ အစ္စလာမ်မှာ ဘာသာခြားကိုလက်ထပ်ပိုင်ခွင့်ရှိသလား။


ဖြေ။ In the Name of Allah, Most Gracious, Most Merciful

မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူအကြားလက်ထပ်ခြင်းကို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ စွန္နဟ်တော်တွေမှာ အတိအလင်းတားမြစ်ထားပါတယ်။ ဘယ်လိုပုံစံနဲ့ မှာခွင့်မပြုထားပါဘူး။ ဒါပေမယ့်လည်း ကျမ်းရဘာသာဝင်တွေဖြစ်တဲ့ ခရစ်ယာန်၊ ဂျူးဘာသာဝင်အမျိုးသမီးတွေကို တစ်ချို့ အခြေအနေတွေမှာမွတ်စလင်အမျိုးသားတွေအနေနဲ့  လက်ထပ်ရယူပိုင်ခွင့်ရှိပါတယ်။

အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်တွင်မိန့် ကြားတော်မူသည်မှာ..
(အို-အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသော မုအ်မင်န်အပေါင်းတို့ ) အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော မိန်းမများသည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားမထားရှိကြသမျှကာလပတ်လုံး ထိုမိန်းမများနှင့် အသင်တို့ သည် ထိမ်းများမင်္ဂလာမပြုကြကုန်လင့်။...
(ကျမ်းတော်မြတ်ကုရ်အာန် ၂း၂၂၁)

�Do not marry unbelieving women until they believe. A slave woman who believes is better than an unbelieving woman, even though if she attracts you. And not marry (your girls) to unbelievers until they believe.�. (al-Baqarah, 221).

အထက်မှာဖော်ပြထားတဲ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ မိန့် ကြားချက်အရ မွတ်စလင်တစ်ယောက်ဟာ မွတ်စလင်မဟုတ်သူတစ်ယောက်ကို လက်ထပ်ခွင့်မရှိတာထင်ရှားပါတယ်။ ဒါပေမယ့် ချွင်းချက်ကိုအောက်ပါ မိန့် ကြားချက်မှာ ဆက်လက်ဖော်ပြပါ့မယ်။

...၄င်းအပြင် သိက္ခာကိုစောင့်ထိန်းသော မွတ်စ်လင်မ်အမျိုးသမီးတို့ သည်၎င်း၊ အသင်တို့ အလျှင်ကျမ်းဂန်ကိုချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသောသူတို့ အနက်မှ ကာယိနြေ္ဒကို စောင့်ထိန်းသောအမျိုးသမီးတို့ သည်၎င်း၊ အကယ်၍အသင်တို့ သည် ထိုအမျိုးသမီးတို့ အား ၄င်းတို့ ၏မဟရ်ထိန်းမြားကြေးများကို ပေးဆပ်၍ ထင်ထင်ပေါ်ပေါ်ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်းအမြှောင်မယားထားခြင်းမပြုဘဲ မိမိတို့ ၏သိက္ခာကိုစောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ (ထိမ်းမြားခွင့်ပြုပြီးဖြစ်လေသည်)
(ကျမ်းတော်မြတ်ကုရ်အာန် ၅း၅)

�(Lawful unto you in marriage are chaste women who are believers and chaste women among the people of the book�. (al-Ma�idah, 5).

ဒီလိုကျမ်းရတဲ့ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတွေကို မွတ်စလင်အမျိုးသားတွေလက်ထပ်ခွင့်ရှိတာဟာဘယ်လိုအခြေအနေမှာလဲဆိုတာ ရှင်းလင်းပါ့မယ်။

ခင်ပွန်းနဲ့ ဇနီးသည်အဖြစ်ခံယူမယ့်လက်ထပ်ခြင်းမှာ အပြန်အလှန်ပေးဆပ်ရမယ့် ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုဆိုတာလိုအပ်ပါတယ်။ ဒါတွေမရှိခဲ့ဘူးဆိုရင်တော့ ဒီလက်ထပ်မှုဟာ အနှစ်သာရဘယ်လိုပြည့်စုံပါ့မလဲ။ အကယ်လို့ ဒီလိုချစ်ခြင်းမေတ္တာတွေနဲ့ အပြန်အလှန်နားလည်မှုတွေကို ဘာသာခြားမိန်းကလေးတစ်ယောက်နဲ့ ရယူမိပြီဆိုရင်တော့ စုံလုံးကန်းသွားပြီ အချစ်စိတ်မွှန်ကာ ဘာသာတရားထိခိုက်နိုင်မယ့် အခြေအနေထိအောင် ရောက်ရှိသွားနိုင်ပါတယ်။ ဒါ့ကြောင့်အလ္လာဟ်အရှင်မြတ်က...

...(အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ်သူတို့ သည် အသင်တို့ အား) ငရဲမီးသို့ ခေါ်ဆောင်ကြကုန်၏။ အလ္လဟ်အရှင်မြတ်မှာမူ မိမိတို့ ၏ဆန္ဒတော်ဖြင့် (အသင်တို့ အား) ဂျန္နသ်အမတသုခဘုံသို့ ၎င်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းသို့ ၎င်း၊ ခေါ်ဆောင်လျှက်ရှိတော်မူ၏။ ထို့ အပြင်တ၀ထိုအရှင်မြတ်သည် လူသားတို့ သတိတရားရစိမ့်သောငှာ မိမိ၏တရားဒေသနာတော်များကို ထင်ရှားစေတော်မူ၏။
(ကျမ်းတော်မြတ်ကုရ်အာန် ၂း၂၂၁) လို့ မိန့် ကြားခဲ့ခြင်းဖြစ်ပါတယ်။

�Unbelievers do (but) beckon you to the fire but Allah beckons by His grace to the garden (of bliss) and forgiveness, and makes His signs clear to mankind; that they may receive admonition�. (al-Baqarah, 221).

အထက်ပါ ကုရ်အာန်ကျမ်းတော်မြတ်ပါ မိန့် ကြားချက်အရ မွတ်စလင်အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မွတ်စလင်မဟုတ်သူတစ်ယောက်နှင့် လက်ထပ်ဖို့ စဉ်းစားမိပြီဆိုရင် ငရဲဘုံကိုသွားတဲ့လမ်းမဖြစ်အောင် အသေအချာကြိုတင် ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ မိမိရဲ့ ဘာသာတရားကိုထိခိုက်မယ်ဆိုပြီး ထင်တာနဲ့ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ရတော့ပါဘူး။ ဒါဟာမွတ်စလင်တစ်ယောက်ကို ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ တားမြစ်ရတဲ့အဓိကအကြောင်းအရင်းပါ။ မွတ်စလင်အမျိုးသမီးတစ်ယောက်ကတော့ မွတ်စလင်မဟုတ်သူအမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခွင့်လုံးဝမရှိပါဘူး။ အကယ်လို့ လက်ထပ်ခဲ့ရင်လည်း အစ္စလာမ်တရားတော်အရ တရားမ၀င်ပါဘူး။

ဒီလိုပဲ မွတ်စလင်အမျိုးသားတစ်ယောက်ဟာ ကျမ်းရဘာသာဝင်တွေမဟုတ်တဲ့ ဟိန္ဒူ၊ ဆိခ်၊ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာခြားတွေကို လက်ထပ်ခွင့်လုံးဝမရှိပါဘူး။ ဒါပေမယ့်လည်း ခရစ်ယာန်နဲ့ ဂျူးမိန်းကလေးတွေကို လက်ထပ်ခွင့်ရှိပါတယ်။ ဒီကိစ္စကတော့ မြန်မာနိုင်ငံနဲ့ သိပ်ပြီးမအပ်စပ်တဲ့အတွက် အကျယ်တ၀င့်မရှင်းပြတော့ဘူး။

အလ္လာဟ်အရှင်မြတ်သာလျှင် အဆုံးအစွန်သိတော်မူသောအရှင်ဖြစ်တော်မူသည်။

Muhammad ibn Adam al-Kawthari
Darul Iftaa, Leicester, UK ရှင်းလင်းပြောကြားသည်ကို ဆီလျှော်အောင်ဘာသာပြန်ထားသည်။

အော် တစ်ခါတည်းပြောလိုက်ဦးမယ်။ မော်လ၀ီဆရာ၊ ဗလီဆရာတွေက ဘာသာခြားကိုလက်ထပ်ပြီး မွတ်စလင်ထဲဝင်အောင်လုပ်ရင် ပိုက်ဆံဘယ်လောက်ပေးပါတယ်၊ဘုရားပုံတော် ခြေနဲ့ နင်းခိုင်းပါတယ်လို့  အထောက်အထားမဲ့တဲ့စွပ်စွဲချက်တွေပြောကြပါတယ်။

အစ္စလာမ်ဟာ ခိုင်မြဲတဲ့သာသနာဖြစ်တဲ့အတွက် ငွေကြေး၊ ဥစ္စာဓန၊ မိန်းမ ဘယ်အရာနဲ့ မှ မမြှုဆွယ်ပါဘူး။
ယုံကြည်ရင်ဝင်၊ မယုံကြည်ရင်လည်းမ၀င်ပါနဲ့ ။... ဒါးမထောက်ဘူး၊ ပိုက်ဆံမပေးဘူး၊ မိန်းမမပေးဘူး၊ တိုက်မပေးဘူး။ ရေအတွက်ငါးမလိုဘူး၊ ငါးအတွက်ပဲရေလိုတယ်။

ဘာလို့ လည်းဆိုတော့ အစ္စလာမ်ထဲ မ၀င်လို့ လည်း အစ္စလာမ်ဟာ မကျဆင်းသွားဘူး၊ တစ်စုံတစ်ယောက်ဝင်လိုက်လို့ လည်း ကြီးကြီးကျယ်ကျယ် တိုးတက်မလာဘူး။
ကိုယ်တိုင်ယုံကြည်မှ ၀င်ရတဲ့ဘာသာတရား။
အစ္စလာမ်မှာ ပိုက်ဆံအတွက် သာသနာလုပ်ခွင့်လည်းမရှိဘူး။ အလှုဒါနလုပ်ရင်တောင်မှ ငါဘယ်လောက်လှုတယ်ဆိုပြီး လိုက်ကြွားခွင့်မရှိဘူး။

ဒါကြောင့် အစ္စလာမ်ဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာတစ်ယောက်နဲ့ လက်ထပ်ပြီဆိုရင်တော့ ဒါဟာသူ့ သမိုင်းပါ။ အစ္စလာမ်မှာ ခွင့်ပြုထားခြင်းမရှိပါဘူး။ အဲဒီမွတ်စလင်နဲ့ လက်ထပ်ပြီး အစ္စလာမ်ဘာသာထဲဝင်တဲ့ ဗုဒ္ဓဘာသာအမျိုးသား၊ အမျိုးသမီးရဲ့ ဆုံးဖြတ်ချက်ဟာလည်း သူတို့ သဘောတွေပါ။ အစ္စလာမ်မှာ လက်ထပ်ဖို့ တောင်တားမြစ်ထားပါတယ်။

ဒါကြောင့်အစ္စလာမ်ရဲ့ အဆုံးအမတွေကိုစွပ်စွဲတော့မယ်ဆိုရင်၊ အမှားထောက်ပြတော့မယ်ဆိုရင် အစ္စလာမ်ရဲ့ အဆုံးအမအစစ်အမှန်ကဘာတွေလဲ ဆိုတာသိထားဖို့ တော့လိုပါလိမ့်မယ်။


0 comments:

Post a Comment