cross

cross

Monday, October 19, 2015

ငါ့အမှား ချစ်သူ

နင်မမှားခဲ့ပါဘူး....ချစ်သူ
ငါမမှန်ခဲ့တာပါ....

နင်မလာခဲ့ပါဘူး...ချစ်သူ
ငါနင့်ကိုယ်မျှော်လင့်နေမိတာပါ...

နင်မချစ်ခဲ့ပါဘူး...ချစ်သူ
ငါသာရူးမိုက်ခဲ့တာပါ...

နင်မလွမ်းခဲ့ပါဘူး..ချစ်သူ
ငါသာအချိန်တိုင်း သတိရတတ်နေခဲ့တာပါ...

နင်ငါ့အတွက် မခံစားခဲ့ပါဘူး...
ငါသာနင့်အတွက်နဲ့အကြိမ်ကြိမ်ကျရူံးခဲ့တာပါ....

စုတ်ပြတ်သတ်ခဲ့တဲ့ ရင်ခုန်သံတွေအတွက်
နောက်ဆုံးအပြစ်ပိုင်ရှင်ဟာ ငါပါဟာ...ငါပါ....

0 comments:

Post a Comment