cross

cross

Monday, October 19, 2015

----------- စိတ်ဆန္ဒပြင်းပြခြင်း --------------------

မီးအားမပြင်းလျှင် အပူမရနိုင်ပါ ၊ အလားတူပင် စိတ်ဆန္ဒအားပျော့လျှင် သင်လိုချင်တဲ့ ကောင်းသောရလာဒ်ကို မရရှိနိုင်ပါဘူး ။
လူငယ်တစ်ဦးက ဆိုကရေးတီးအား အောင်မြင်ရေးရဲ့ လျှို့ ဝှက်ချက်များကို မေးမြန်းခဲ့ပါတယ် ။ ဒီအခါ ဆိုကရေးတီးက ထိုလူငယ်ကို
နောက်နေ့ မြစ်ကမ်းနဘေးတွင် လာတွေ့ရန်ပြောတယ် ။ နောက်နေ့မှာ သူတို့နှစ်ဦးတွေ့ကြတယ် လူငယ်ကို သူနဲ့အတူ မြစ်ကမ်းတစ်ဖက်ကို
လမ်းလျှောက်သွားဖို့ ဆိုကရေးတီးက ခေါ်သွားတယ် ။ သူတို့နှစ်ယောက် လည်ပင်းလောက် ရေရောက်တဲ့ နေရာအထိ ရေထဲ
ဆင်းလျှောက်သွားတယ် ဆိုကရေးတီးဟာ ရုတ်တရက်လူငယ်အား ရေထဲကိုဆွဲနှစ်လိုက်တယ် လူငယ်က ကြိုးစားရုန်းကန်နေပေမယ့်
ဆိုကရေးတီးက လူငယ်ထက်အင်အားကြီးလို့ ရေထဲနှစ်ထားရာ လူငယ်က အသားရေတောင်ပြာနှမ်းလာတယ် ။ အဲဒီအခါကျမှ
ဆိုကရေးတီးက လူငယ်ကို ရေပေါ်ဆွဲတင်လိုက်တယ် ဒီလိုဆွဲတင်လိုက်တော့ လူငယ်က အရင်ဦးဆုံးလုပ်ရမဲ့အလုပ်က လေကိုတဝကြီးရှူဖို့ဖြစ်တယ် ။
မင်းရေထဲရောက်နေတုန်း ဘာအလိုချင်ဆုံးလဲလို့ လူငယ်ကိုမေးတော့ '' လေ " လို့ဖြေတယ် ။
ဆိုကရေးတီးက ပြောတယ် ... '' အဲဒါ အောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ပဲ မင်းဘဝရဲ့ အောင်မြင်မှုကို လေရှူဖို့လောာက် ပြင်းပြင်းထန်ထန်လိုချင်ရင်
သေချာပေါက်ရလိမ့်မယ် အောင်မြင်မှုအတွက် အခြားလျှို့ ဝှက်ချက်ဆိုတာ ဒိအပြင်မရှိဘူး '' လို့ ပြောလိုက်တယ် ။

0 comments:

Post a Comment