cross

cross

Sunday, March 15, 2015

အော်...လူတွေလူတွေ ------------------------

တချို့ လူတွေက သင့်ကိုမချစ်နိုင်ဘူး
ဒါပေမဲ့ သင့်ဆီကအချစ်ကိုလည်း သူတို့ကလိုချင်တယ်
-
တချို့လူတွေက သင်ညာမှာတော့ကြောက်တယ်
ဒါပေမဲ့ သူတို့ကျညာနေကြတယ်
-
တချို့လူတွေက သင့်ဆီကဂရုစိုက်မှုကျလိုချင်တယ်
ဒါပေမဲ့ သူတို့ကျ ဂရုမစိုက်တတ်ကြဘူး
-
တချို့လူတွေက သင်လှည့်စားမှာကြောက်တယ်
ဒါပေမဲ့ သူတို့ကျသင့်ကိုလှည့်စားနေကြတယ်
-
တချို့လူတွေက သင့်ကိုထွက်သွားခွင့်မပေးဘူး
ဒါပေမဲ့ သင်နေချင်အောင်လည်း သူတို့ဟာမစွမ်းဆောင်နိုင်ကြဘူး
-
တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာစိုးတယ်
ဒါပေမဲ့ သူတို့အပေါ်ကိုစိတ်မပျက်အောင်တော့
မကြိုးစားကြဘူး
-
တချို့လူတွေက သိပ်ရီရတာပဲ
သူတို့လုပ်ချင်တာလုပ်မယ်
ဒါပေမဲ့သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ခွင့်မပြုတတ်ကြဘူး
-
သူတို့သင့်ကိုအရုပ်တရုပ် ကစားစရာတစ်ခုလိုသဘောထားတယ်
အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင်
သင်တသက်လုံးဒဏ်ရာတွေရနေမှာပဲ ။ ။

0 comments:

Post a Comment