cross

cross

Monday, March 30, 2015

" ကမ္ဘာခြားလဲ ချစ်နေမယ်...."

သိပ်ချစ်တဲ့  ချစ်သူတွေကိုမြင်တိုင်း..
ငါမင်းကိုလွမ်းတယ်..
အရမ်းချစ်ကြတဲ့ ဇတ်လမ်းတွေကိုကြည့်မိတိုင်း
ငါမင်းကို သတိရတယ်
အရမ်းကောင်းတဲ့ အချစ်ဝတ္ထုတွေကိုဖတ်မိတိုင်း
ငါမင်းကို တမ်းတမိတယ်---

အိုးးးးးး
တိုက်ဆိုင်မှု့တွေရှိတိုင်း
ငါမင်းကို လွမ်းဆွတ်တမ်းတ သတိရမိပါတယ် ...။

အရင်က ဆိုတဲ့ အတိတ်ကိုတွေးမိတိုင်း
ငါကြေကွဲနေရတယ် ချစ်သူ...
အရမ်း မချစ်ခဲ့ကြရင် ကောင်းမှာဘဲနော်
ခုတော့ ငါတစ်ယောက်ထဲ အရမ်းခံစားနေရတယ်
"တဒင်္ဂ"ဆိုတဲ့  အချိန်ပိုင်းလေးမှာ
ဘယ်သူမှ မိတ်ဆက်မပေးဘဲ
တို့နှစ်ယောက်ချစ်ခဲ့ကြတယ် .....။

"ထာဝရ"ဆိုတဲ့ မမြင်နိုင်တဲ့   အနာဂတ်ကို
ရည်စူးပီး ဘယ်တော့မှ မခွဲကြေးဆို တဲ့
ကတိတွေ ထားခဲ့ကြတယ် ......။

ခုတော့လည်း ..........
"တစ်ဘ၀"ဆိုတဲ့ ခွဲခွါ ခြင်းကြိးက
ဘယ်သူမှ တွန်းအားမပေးဘဲ
အရမ်းချစ်တဲ့ ငါတို့တွေ ခွဲခဲ့ရတယ် .......။

ကံကြမ္မာက လှည့်စားတာလို့ လည်း
မဆိုရက်ပါဘူး
ငါတို့နှစ်ယောက်ရဲ့ရှေးရေစက်  နည်းခဲ့တာလို့ဘဲ
မှတ်ယူရမှာပေါ့
ဘယ်လို မှ ပြန်ဆုံခွင့်မရှိတော့တဲ့
ငါတို့ နှစ်ယောက်ဘ၀မှာ
ငါရဲ့ အချစ်တွေ မင်းနဲ့ အတူရှင်သန်နိုင်ဖို့
မင်းဆီ အရောက် ပြေးလာခဲ့မယ်--
နှလုံးသားတည် ရှိရာ
ဘယ်ဘက်ရင်အုံဆီ  သို့........................................

0 comments:

Post a Comment