ပြောချင်နေပေမယ့် နှုတ်ဆိတ်နေမိတာ....
တွေ့ချင်နေပေမယ့် ကျောခိုင်းခဲ့ရတာ....
ခံစားချက်တွေရှိတိုင်း မျိုသိပ်ခဲ့ရတာ...
လွမ်းတယ်ဆိုတိုင်းလဲ မျက်ရည်ဝေမိတာ....
ဝမ်းနည်းမှု့တွေ ကြုံတိုင်း တိတ်ဆိတ်နေခဲ့တာ...
ပျော်ရွှင်မှု့တွေကြုံတိုင်း မျှဝေခံစားချင်တာ....
မင်းအမှားတွေလုပ်တိုင်းလဲ မျက်ကွယ်ပြုခဲ့ရတာ....
မင်းပြန်ချော့တိုင်းလဲ ခွင့်လွှတ်ပေးခဲ့တာ....
မင်းစိတ်ညစ်တဲ့ချိန်တိုင်း ဖေးမခဲ့ရတာ.....
မင်းမျက်ရည်တွေဝေတိုင်း သနားတတ်ခဲ့တာ....
မင်းလုပ်ရက်တိုင်းကို အလေးထားမိခဲ့တာ...
နာကြည်းနေပေမယ့် မမုန်းနိုင်ခဲ့တာ...
မေ့မယ်ဆိုတိုင်းလဲ သတိရနေမိခဲ့တာ....
သိပ်ချစ်နေပေမယ့်လည်း လက်ပြကျန်ရစ်ခဲ့ရတာ....
ဒါတွေအားလုံးက မင်းအတွက် ငါ့ရဲ့ အားနည်းချက်တွေ ထင်ပါရဲ့........................။
Tags:
အချစ်