ELECTRONICS ဖြစ်ပေါ်လာပုံ

Electronics နည်းပညာကို လေ့လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။

Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ် ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတ အနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။

တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။

သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။

အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။

အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။

ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။

ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့်

Post a Comment

Previous Post Next Post